Episode 22U

6.7K 348 22
                                    

မျက်နှာဆီ လာ လာ ထိမှန်နေ တဲ့ ရေစက်အချို့ ကြောင့် အိပ်ချင်မူးတူးနဲ့ မျက်ဝန်းတွေကိုအတင်းဖြဲကြည့်မိတော့ ကုတင်ဘေးမှာ ငုတ်တုတ်လေးထိုင်ပြီး သူ့မျက်နှာဆီ ပြုံးပြီး ကြည့်နေတဲ့ ဆက်နိူင်။

အစောကြီး ရှိနေသေးပေမယ့် ရေချိုးထားပုံရသည် ။ ဆံပင်အဖျားမှာရေစက်အချို့ရှိနေပြီး ထိုရေစိုနေတဲ့ ဆံပင်တွေဆီက ရေကိုယူပြီး သူ့မျက်နှာဆီ လှမ်းတောက် ပြီးစနောက်နေခြင်းသာ။

မနက် အစောပိုင်းမို့ အနည်းငယ်အေးနေတာ ဆက်နိူင်ဆီက ရေစက်တွေက သူ့ကိုခဏတာ မျက်လုံးကျယ်သွားစေသည်....

"ကျစ်..ဘာလုပ်တာလဲ သူများ အိပ်နေတာကို..."

ထိုအတိုင်းပြောကာ အပျင်းကြော တစ်ချက်ဆန့်ပြီးနောက် ခြေရင်းကစောင်ကိုပြန်ဆွဲခြုံပြီးတစ်ဖက်လှည့်အိပ်သွားသည်။ ထို့ကြောင့်ပဲ ဆက်နိူင် အလိုမကျ သလိုမျက်မှောင်ကုတ်မိရင်း....

"မဏိ...၊ထတော့လေဗျာ... မောင်အပြင် သွားမှာအတူလိုက်ခဲ့ပေး..."

ပခုံးဆီကို အသာလှုပ်ကာ ထပ်နှိုးလိုက်ပေမယ့် မဏိ က တုတ်တုတ်မလှုပ်ပဲထိုအတိုင်းသာ ဆက်အိပ်နေသည်။

မဏိရာ က တကယ်နေနိူင်တယ်...သူ့မှာတော့ ဒီလူ က သူ့အပိုင်ဆိုတဲ့အတွေးနဲ့ ပျော်ရလွန်းလို့  တစ်ညလုံး အိပ်တောင်မအိပ်နိူင် ။

အခုလည်း နိူးနိူးချင်း လွမ်းလွန်းလို့ ချစ်ရသူဆီကို ရေချိုးပြီးသည်နှင့် တစ်ပြိုင်ထဲ အပြေးလာရသည်။ မဏိ ကတော့ သူ့ကို လွမ်းဖို့နေနေသာသာ သူ ရောက်လာတာကိုတောင် ဝမ်းသာခြင်းမပြ တစ်ဖက်လှည့်၍ပြန် အိပ်နေသည်မှာ အိပ်မက်ကမ္ဘာထဲရောက်နေသည့်အလား။

ချစ်မိပြီဆိုရင် အချိန်တိုင်းမြင်ချင်တွေ့ချင်ကြတာ ထုံးစံပဲမှတ်လား ဒီလူကတော့ တကယ်ကိုသွေးအေးလွန်းသည်....

စိတ်ထဲခံရခက်သွားတာကြောင့် ထိုလူ ရဲ့မျက်နှာပေါ်အထိ စောင်ကိုရွဲ့ပြီး ဆွဲ ခြုံပေးလိုက်ကာ ထိုင် နေရာကနေ ပြန် ထ ပြီး အခန်းအပြင်ကိုထွက်ဖို့ပြင်လိုက်သည်။

ပြီးမှ သူနှိုးတာကို ဂရုမစိုက် ပဲ အိပ်ယာပေါ်မှာ အကျအန ပြန် ကွေးနေတဲ့လူကို ဒီအတိုင်းမထားခဲ့ချင်တာကြောင့် နှောင့်ယှက်ပစ်ဖို့တွေးလိုက်ကာ အိပ်ယာပေါ်အထိ တက်လိုက်ပြီး မဏိ ခြုံထားတဲ့စောင်ထဲကို ဇွတ်အတင်း တိုးဝင်ကာ ဖက်ပစ်လိုက်သည်။

မေတ္တာခြုံ၍ နွေးပါစေWhere stories live. Discover now