ဒုန်း..!
မျက်နှာ ခပ်တည်တည်လေးနဲ့ ဝယ်လာတဲ့ပစ္စည်းတွေကို စားပွဲပေါ်ဆောင့်ချသွားတဲ့အပြုအမှု ၊ လှည့်ကြည့်သွားတဲ့ ခပ်စိမ်းစိမ်း မျက်ဝန်းတွေ ၊ ထိုအရာတွေက တစ်စုံတစ်ခုကို ဆိုးဆိုးဝါးဝါး ဒေါသထွက်နေပြီဆိုတာမေးကြည့်စရာတောင်မလို....။
"မဏိ...ခဏလေး"
သူ အပြေးအလွှား လိုက်သွားပေမယ့် မဏိ က အခန်းထဲကို ဝင်ကာ တံခါးကို ပိတ်သွားလေပြီ။
"ဒေါက် ၊ ဒေါက်"
"မဏိ...မဏိ ၊ မောင်နဲ့ စကားခဏ ပြောရအောင်ကွာ..."
"..........."
"အဲ့လိုကြီးမနေပါနဲ့ ... လူချင်းတွေ့ပြီး စိတ်ထဲမှာ ရှိတာကို ပြောပစ်လိုက်ပါ...မောင် တောင်းပန်ပါတယ်..."
"..........."
"မောင်တောင်းပန်ပါတယ် မဏိရယ် ၊ တံခါးခဏ ဖွင့်ပေးပါ...."
ကုတင်ခြေရင်းမှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်ရင်း အပြင်ကအသံတွေကိုပါ မကြားချင်သလို နားပိတ်ထားလိုက်မိသည်။ စိတ်လှုပ်ရှားမှု့တို့ကြောင့် တုန်ယင်နေတဲ့ နူတ်ခမ်းတွေကိုလည်း သွားဖြင့် ဖိကိုက်လိုက်၏။ ရင်ဘတ်ထဲမှာ ခေါင်းစဉ်တပ်မရတဲ့ ဝမ်းနည်းမှု့တို့က အရှိန်အဟုန်ပြင်းစွာ အလုံးအရင်း ဝင်ရောက်လာရသည်။
ဆက်နိုင် ရဲ့ မောင်တောင်းပန်ပါတယ် ဆိုတဲ့စကားသံက ဘုန်းမင်းပိုင် ရဲ့အသံအဖြစ်ပြောင်းသွားလိုက် တစ်ဖန် ဆက်နိုင် ရဲ့အသံ ပြန်ဖြစ်လာလိုက်...
သူ ကြောက်သည် ဆက်နိုင် က တစ်ချိန်က ဘုန်းမင်းပိုင် ဖြစ်လာမှာကို...ပြီးတော့ သူ့ကွယ်ရာမှာ အခြားမိန်းမ တစ်ယောက်နဲ့ သူ့ကို လှောင်ပြောင်နေမယ့် အဖြစ်မျိုး....။ထိုကဲ့သို့သော အလားတူအဖြစ်မျိုး ထပ်ဖြစ်လာမှာကို အမှန်တကယ်ပဲ ကြောက်ရွံနေမိသည်။
ဒီလိုအလုပ်မျိုးကို ဒီကောင်လေး မလုပ်လောက်ပါဘူးဟု သူ့စိတ်သူ ဘယ်လိုပင် အားပေး နေပါစေ...ဖြစ်များဖြစ်လာခဲ့ရင်ဆိုတဲ့ အတွေးနဲ့ ကြောက်မိခဲ့တာတွေလည်း ရှိတယ်ဆိုတာ ဘယ်သူများသိနိုင်မှာလဲ။
အတွေးနဲ့ မျက်ဝန်းတွေကို ပိတ်လိုက်မိတော့ ပါးပြင်ပေါ်ကို ခပ်နွေးနွေး အပူကြောင်းတစ်ချို့စီးဆင်းသွားရသည်။
YOU ARE READING
မေတ္တာခြုံ၍ နွေးပါစေ
Romanceရဲရဲသာမှီခိုလိုက်ပါ ဒီရင်ခွင်ရော ဒီပခုံးတွေရောအားလုံးဟာ ခင်ဗျားအပိုင် ....