Episode 31U

5.9K 319 27
                                    

လူတစ်ကိုယ်လုံး ကိုအနောက်ကနေ တင်းတင်းကျပ်ကျပ်ထွေးဖက်ထားခံရပြီး သူ့ ခန္ဓာကိုယ် က လှုပ်လို့တောင်မရ။

အိပ်မက်လား...တွေးနေမိပေမယ့် ဂုတ်ပိုးသားတွေ လည်ပင်းတွေ ဆီကို တိုးဝင်နမ်းရှိုက်လာတဲ့ ခပ်ရိုင်းရိုင်း အနမ်းတွေနဲ့အတူ အသက်ရှူသံပြင်းပြင်း....ပြီးနောက် တစပ်တည်း ရမိလိုက်တဲ့ ရေမွှေးနံ့နဲ့ရောနေတဲ့ အရက်နံ့စူးစူးတို့ကြောင့် အရမ်းအိပ်ချင်နေတဲ့ မျက်ဝန်းတွေကို အားယူဖွင့်လိုက်မိသည်။

နိူးသွားတာနဲ့ တပြိုက်နက် မှောင်ရီပျိုး စပြုနေပြီမို့ အနည်းငယ်မှောင်ရိပ်ကျနေတဲ့ အခန်းနဲ့ အနီးအနားက ရမိနေတဲ့ စိမ်းသက်နေတဲ့ကိုယ်သင်းနံ့ကြောင့် အချက်ပေးသံတို့က ခေါင်းထဲ ထ မြည်သွားရသည် ။ ထို့ကြောင့်ပဲ သူ့ကိုထွေးဖက်ထားတဲ့လက်တွေကို ဇွတ်အတင်း ပြန်ဖယ်ချကာ...

"ခင်ဗျား...ဘယ်သူလဲ ကျွန်တော့်ကို လွှတ်.."

သူ ဇွတ်အတင်းရုန်းနေပေမယ့် သူ့ကိုဖက်ထားတဲ့လက်တွေက ပြုတ််ထွက်မသွားပဲ ပိုပြီး တင်းကျပ်လာကာ...ထိုလက်တွေက အိင်္ကျီအတွင်းထဲသို့ပါ ကျူးကျော်လာသည်။ သူသိလိုက်ပြီ....  ဒီအိမ်မှာ သူ့ကို ဒီလိုအပြုအမှုမျိုး လုပ်ဖို့ကြံနေတာ ရစ်ချက် ဆိုသည့်လူအပြင် နှစ်ယောက်မရှိ...။

ထို့ကြောင့်ပဲ ရွံရှာစိတ်နဲ့အတူ ပိုပြီးကြောက်လန့်သွားရကာ...

"ကျုပ်ကို လွှတ်ပေးလို့ပြောနေတယ်လေ ခင်ဗျား ကျုပ်အခန်းထဲ ဘယ်လိုဝင်လာတာလဲ အခုထွက်သွား...ဒယ်ဒီရေ...ဒယ်ဒီ"

"ဘာတွေ လျှောက်အော် နေတာလဲ...မဏိ လေးရာ...သက်သက်အပင်ပန်းခံလို့...အစ်ကိုကြီးတို့အိမ်မှာမရှိကြဘူးကွ... အပြင်မှာ အိပ်ကြမှာ ဒီည ဒီအိမ်မှာ မဏိနဲ့ ကိုကြီး နှစ်ယောက်ထဲ အဲ့တာကြောင့် မဏိ ကိုသေချာ ကြည့်ရှု့ စောင့်ရှောက်ပေးရမှာ ကိုကြီး တာဝန် ..."

မရှိဘူး ဆိုတာ သိနေပေမယ့် လတ်တလောမှာ အနီးအနားက အားကိုးတကြီး ခေါ်စရာ ဒယ်ဒီသာရှိသည်မို့ ခေါ်လိုက်မိခြင်း ဖြစ်၏ ။ ပြီးမှ တစပ်တည်း သတိရလိုက်မိသည်က ဒီလူ သူ့အပေါ်ယခုလိုလာပြုမှုရဲနေတာ ဒယ်ဒီ ပစားပေးထားတာကြောင့်သာ...ထို့ကြောင့်ပဲ အားကိုးတကြီး အော်ခေါ်ခဲ့မိတဲ့ ကိုယ့်ပါးစပ်ကို ပိတ်ရိုက်ပစ်ချင်သွားရသည်။

မေတ္တာခြုံ၍ နွေးပါစေWhere stories live. Discover now