"ကျွီ...."
တံခါးဖွင့်သံကြောင့် ဘေးကိုစောင်း၍ လှဲနေရင်း ပြန် လှည့်ကြည့်မိတော့ ဆက်နိုင်။ ထပ်ပြီးရေချိုးလာသည်ထင် ဆပ်ပြာနံ့ခပ်သင်းသင်းက သူ့ဆီ ကနေ ရနေသည်။ ဆံပင်အဖျား တွေမှာ ရေအနည်းငယ်စိုနေပြီး ရှေ့သို့ခပ်အုပ်အုပ်ပြန်ကျနေတဲ့ မျက်နှာက အခန်းမီးရဲ့အလင်းရောင်ကြောင့် ရှင်းလင်းစွာမြင်နေရပြီး တကယ်ကို ကြည့်ကောင်းလွန်းသည်။
ငေးနေမိတုန်း ဆက်နိုင်က မဏိ အနားကိုရောက်အောင် လျှောက်လာလိုက်ပြီး ခဏစိုက်ကြည့်ကာ လှဲနေတဲ့ဘေးက ခေါင်းအုံးကိုဆွဲယူ၍ အပြင်ပြန်ထွက်ဖို့ ပြင်နေတာမို့ မဏိ ထို လက်ကိုဖမ်းဆွဲလိုက်ပြီး...
"မင်းက ဘယ်သွားမှာလဲ"
"အပြင်မှာ သွားအိပ်မလို့လေ"
"ကိုတိုးကြီးက ဒီမှာ မင်းနဲ့ကိုယ်နဲ့အတွက် ပြင်ဆင်ပေးသွားတာလေ ဘာလို့အပြင်မှာအိပ်မှာလဲ ခြင်တွေကိုက်မှာပေါ့"
"ဟို..ကျွန်တော်က သောက်ထားတော့ မဏိ ကိုအားနာလို့ပါ"
အမှန်တော့ သူ မအိပ်ရဲတာ အစောပိုင်းကတင် ဒီလူကို ရည်ရွယ်ပြီး မဟုတ်တဲ့အတွေးတွေ တွေးခဲ့မိတာမို့ အားနာမိတာလဲပါသည်။
"ရပါတယ် ကိုယ်အဆင်ပြေတယ် ဒီမှာပဲအိပ်လိုက် ကုတင် ကလည်း အကျယ်ကြီး ကို ကိုယ် အိပ်ရေးမဆိုးတတ်ပါဘူး..."
ဆက်နိုင် အပြင်ကိုထွက်သွားမှာကြောက်သည့်အလား မဏိ ဇွတ်တားနေမိသည် ။ အကြောင်းမှာ အစောက ဝေယံပြောပြသွားတဲ့ ကိုတိုးကြီး ခြံနဲ့ကပ်လျှက်ရှိနေတဲ့ ဘေးခြံ ကအိမ်ကြီးကြောင့်ပင်။
ကျယ်ဝန်းလှတဲ့ခြံကြီးရဲ့အလယ် တည့်တည့်မှာဆောက်ထားတဲ့ နှစ်ထပ်အိမ်အိုကြီး...။ ကိုတိုးကြီး ခြံနဲ့က သံဇကာဖြင့်ကာထားတဲ့ ခြံစည်းရိုးသာ ခြားတာကြောင့် အိမ်ကြီးကိုက အတိုင်းသားမြင်နေရသည်။
ထိုအိမ်ကြီးမှာ နေသွားတဲ့မိသားစုက အက်စီးဒင့် တစ်ခု ကြောင့် တစ်မိသားစုလုံး သေသွားတာဖြစ်ပြီး အခုချိန် အထိ မကျွတ်မလွတ်ကြသေးပဲ ထိုအိမ်ကိုလာနေတဲ့လူတိုင်းကိုခြောက်လွှတ်သည်ဟု...။
YOU ARE READING
မေတ္တာခြုံ၍ နွေးပါစေ
Romanceရဲရဲသာမှီခိုလိုက်ပါ ဒီရင်ခွင်ရော ဒီပခုံးတွေရောအားလုံးဟာ ခင်ဗျားအပိုင် ....