"ဝေါ...ဝေါ"
အုံ့မှိုင်းနေတဲ့ မိုးသားတွေနဲ့အတူ အပြင်းအထန် ရွာနေတဲ့မိုးက လေပါ ပါလာတာမို့ တော်တော် နဲ့တိတ်မယ့်ပုံမမြင်မိ။
အိမ် အောက်ထပ်ရှိ တံခါးတွေကို အကုန် လိုက်ပိတ်ပြီး အဖွားအခန်းထဲ အသာတံခါးဖွင့်ကြည့်တော့ အဖွားနဲ့နီလာက အိပ်ယာထဲမှာ မိုးအေးအေးနဲ့ကွေးနေကြသည်မှာ တုတ်တုတ်တောင် မလှုပ်။
"ဂျိန်း...ဂျလိန်း"
"အမလေး.."
နေပူပြီးမှ ရွာချလိုက်တဲ့မိုးကြောင့်ထင်...မိုးချိန်းသံတွေက တော်ယုံမကြောက်တတ်တဲ့ သူတောင် လန့်မိသွားရသည်။
အတွေးဖြင့် တစ်ခုခုကိုအမှတ်ရသွားဟန် အပေါ်ထပ်ကိုအပြေးတက်ခဲ့မိလိုက်၏...ပြီးနောက် အနည်းဟ နေတဲ့ မဏိရာ ရဲ့ တံခါးကို တွန်းဖွင့်လိုက်ပြီး....
"ကိုမဏိ...ကိုမဏိ"
တံခါးဝကနေ သူခေါ်နေပေမယ့် ပြန်ထူးသံမကြားရတာကြောင့် အထဲသို့ရောက်အောင် ဝင်သွားလိုက်၏။ အထဲသို့ရောက်တော့လဲ ရှိနေလောက်မယ် ထင်တဲ့ကုတင်ပေါ်မှာလဲ စောင်နဲ့ခေါင်းအုံးကိုသာ တွေ့တာကြောင့် သူ အတွေးများသွားရသည်။
"ဘယ်ရောက်သွားတာလဲ အောက်ထပ် မှာလဲ မရှိပါဘူး..."
တစ်ကိုယ်ထဲရေရွတ်လိုက်ပြီး အခန်းထဲက ပြန်ထွက်မယ်အပြု ငိုသံရောနေတဲ့ ရှိုက်သံခပ်တိုးတိုးကို ကြားလိုက်ရသည်မို့...ပြန်လှည့်ကြည့်မိရာ...၊ အဝတ်ဗီဒိုကြီးဘေးက နေရာအလွတ်လေးထဲမှာ ဒူးတုပ်ထိုင်ပြီး နားနှစ်ဖက်ကို အတင်းပိတ်ပြီး ခေါင်းငုံ့ငိုနေပုံတဲ့ မဏိ ။
အခန်းမီး ကို ပိတ်ထားတာကြောင့် သဲသဲကွဲကွဲ မမြင်နိူင်၍ ဆက်နိုင် မိီး ခလုတ်ရှိရာကို အရင်ပြေး၍ မီးအရင် ဖွင့်လိုက်၏ ။
ထိုအခါမှ ရှင်းလင်းစွာ မြင်လိုက်ရတဲ့ မဏိ ပုံစံက တစ်ခုခု ကိုကြောက်ရွံ့နေသလိုပုံစံမျိုးဖြင့် တစ်ဆတ်ဆတ်တုန်နေတဲ့ကိုယ်လေးက ရသလောက်စုကျုံ့ထားတာကြောင့် ပိုပြီးသနားစဖွယ်။
မြင်လိုက်ရတဲ့ခဏအတွင်း မှာ စိုးရိမ်မိသွားတာကြောင့် ဆက်နိူင် ထိုအနားကို ခြေလှမ်းကျဲကြီးတွေနဲ့ အပြေးရောက်သွားရကာ...
YOU ARE READING
မေတ္တာခြုံ၍ နွေးပါစေ
Romansaရဲရဲသာမှီခိုလိုက်ပါ ဒီရင်ခွင်ရော ဒီပခုံးတွေရောအားလုံးဟာ ခင်ဗျားအပိုင် ....