Episode 16Z

1.7K 24 1
                                    

"ဟဲ့ နူဝါ ဟိုမှာ ဆက်နိုင်"

"ဟင် ဘယ်မှာလဲ သူဇာ"

"ဟိုမှာလေ သူ့အိမ်က အိမ်ငှားနဲ့အတူ အအေးဆိုင်ထဲမှာ.."

သူဇာလှိုင် ညွှန်ပြနေ တဲ့ဆီ လှမ်းကြည့်လိုက်တော့ ဆက်နိုင်က မဏိရာဆိုသည့်လူ ကို ထိုင်ရန် ခုံကို တယုတယ ဆွဲယူပေးနေသည်။ ပြီးနောက် ထိုထိုင်ခုံပေါ် ကို စားပွဲပေါ်က တစ်သျှူးနဲ့ပါ ယူသုတ်ပေးနေသေး၏။

ဆိုင်ချင်းက မျက်နှာချင်းဆိုင်ဖြစ်နေသည့်အပြင် ကာထားတဲ့ ရှေ့မျက်နှာစာ နံရံက မှန်ကိုသာအသုံးပြုထားတာကြောင့် တိုက်ရိုက်မြင်နေရခြင်းဖြစ်။ ထိုကြောင့်ပဲ ဆက်နိုင်က ထိုလူ့ကို ပြာယာခတ် ဂရုစိုက် ပြနေတဲ့ မြင်ကွင်းက မြင်နေရတာ သူမ မျက်လုံးထဲ ဘာလိုလိုမို့ စိတ်ထဲ တစ်မျိုးဖြစ်မိသွားသည်။

"ဆက်နိုင် က အဲ့တစ်ယောက်နဲ့ တော်တော် တွဲတယ်နော် ရက်ကွက်ရဲ့ CCTV ဒေါ်နီ တောင်ဟိုနေ့က ပြောနေသေးတယ် ဆက်နိုင်က သူ့အိမ်က အိမ်ငှားကောင်လေးကိုများ ကြိုက်နေသလား မသိဘူးတဲ့ အဲ့ကောင်လေးကိုဆို ဂရုစိုက်လိုက်တာမှ ပြာနေတာပဲတဲ့လေ အဲ့အဖွားကြီး ပြောလဲပြောချင်စရာပဲ ဆက်နိုင်ပုံကိုလဲ ကြည့်ဦး အဲ့လူကိုပြုံးပြနေတာများ နွားပြာကြီး အောက်သွားမရှိသလို..."

သူဇာလှိုင် ပြောတာလည်း ငြင်းမရ ဆက်နိုင်က ထိုလူ့ဆီကိုပြုံးပြီးကြည့်ကာ စကားပြောနေသည်က ပတ်ဝန်းကျင်တောင် မေ့ထားသည့်ပုံ။ သို့ပေမယ့်လည်း ဘယ်လိုလုပ် ဖြစ်နိုင်မှာတဲ့လဲ....

"အို မဟုတ်တဲ့စကားတွေ သူဇာရယ် အဲ့လူက မိန်းကလေး မှ မဟုတ်တာ ဆက်နိုင်ကစိတ်ဝင်စားစရာလား လူတွေက ဒီလိုပဲ တွေ့ကရာ ပြောတတ်ကြတာ ထုံးစံ ၊ တစ်ဖက်သားရဲ့သိက္ခာကို မထောက်ကြ ဘူး"

"ပြောလို့ရမလား ဆက်နိုင် အကြိုက်က မိန်းကလေး မဟုတ်တာလည်း ဖြစ်နေနိုင်တာပဲလေ အဲ့တာကြောင့် သူနဲ့နင်နဲ့အခြေအနေက သူငယ်ချင်း အဆင့်ကနေ မတက်တာပေါ့ တကယ်ဆို နင့်ဘက်က သူ့ကိုစိတ်ဝင်စားနေတာ ဒီရက်ကွက်ထဲမှာ ကလေးကအစ သိတယ် သူ မသိဘူးဆိုတာ အလကားပြောတာ မသိချင်ယောင်ဆောင်နေတာ ဖြစ်နိုင်တာပဲ ပြီးတော့ ဟိုလူရဲ့ပုံစံကိုကြည့်ဦး မိန်းကလေးတွေနဲ့ မယှဉ်နိုင်စရာအကြောင်းမရှိဘူး လေ..."

မေတ္တာခြုံ၍ နွေးပါစေWhere stories live. Discover now