Episode 19Z

1.7K 23 0
                                    

ရေအဝချိုးလိုက်တာတောင် ခေါင်းထဲမှာ သိပ်မကြည်သေးတာကြောင့် ဧည့်ခန်းထဲက ခုံမှာပဲဝင်ထိုင်နေလိုက်သည် ။ဆက်နိုင်တို့အဖွဲ့ကတော့ TV ရှေ့ ကွက်ပျစ်ပေါ်မှာ ဖြစ်သလိုသာဝိုင်းဖွဲ့ကြသည်။

ဆက်နိုင် ၊ ကိုတိုးကြီး ပြီးနောက် ကိုတိုးကြီးရဲ့ညီဝမ်းကွဲ ဝေယံဆိုသည့်ကောင်လေး တစ်ယောက်ရယ်...။ ရှေးဟောင်းနောက်ဖြစ်တွေ ပြောလိုက် ရယ်လိုက်ဖြင့် ရှိနေကြ၏။

မဏိ ပါဝင်ချင်စိတ်မရှိသည်မို့ TVက လာနေတဲ့ အစီအစဉ် မှန်သမျှကို စိတ်မဝင်စားလည်း ထိုင်ကြည့်နေမိ၏။

"မဏိ ဘာလို့သက်သက်ကြီး သွားထိုင်နေတာလဲ ကွ ၊ သောက်တတ်တယ် မှတ်လား လာလေကွာ ဒီကို"

ကိုတိုးကြီး က အရက်တစ်ခွက်ငှဲ့ကာ မြှောက်ပြ ရင်းဆိုတော့ မဏိ အားနာနာနဲ့ပဲခေါင်းရမ်းမိလိုက်သည်။ ဒီနေ့ သောက်မိရင် သေချာပေါက် နေမကောင်းဖြစ်တော့မှာ....

"ကျွန်တော် မသောက်တော့ဘူး ကိုတိုးကြီး ခရီးပန်းထားတော့ ခေါင်းလည်း သိပ်မကြည်လို့ပါ"

ထိုအခါမှ အစောကတည်း က သူနဲ့မျက်လုံးချင်းဆုံအောင်မကြည့်တဲ့ ဆက်နိုင်က စိုးရိမ်သွားဟန် အနားကို ထ လာလိုက်ပြီး... နဖူး ကို ခပ်ဖွဖွလာစမ်းသည်။

ဆက်နိုင်က သူ ဝယ်ပေးထားတဲ့ နီညိုရောင် တီရှပ်နဲ့ ဘောင်းဘီအရှည်ကိုဝတ်ထားတာကြောင့် လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးရှိနေသည်။ မြင်နေကျပုံစံမဟုတ်တာကြောင့်လည်း ပါမည် ဆက်နိုင် ကိုကြည့်ရတာ ဒီနေ့မှ သူ့မျက်လုံးထဲမှာ ပို၍ ကြည့်ကောင်းနေသလို ။

အနည်းငယ် မူးနေပုံရတာကြောင့် မှေးစင်းနေတဲ့မျက်လုံးတွေနဲ့ မဏိ ကို ကြည့်နေသည်က ရီဝေဝေ...

"မဏိ နေမကောင်းဘူးလား ရေချိုးတာများကြာသွားလို့လား"

"မဟုတ်ပါဘူး ခေါင်းနဲနဲ မကြည်ယုံပါ ဒီနေ့ နေပူထဲကို သွားလိုက်တာလည်း များသွားလို့ဖြစ်မယ်"

ဆက်နိုင် က စိတ်မကောင်း ဖြစ်သွားဟန် မျက်နှာပျက်သွားရကာ...

"ကျွန်တော် ခေါ်လာပြီး ဒုက္ခပေးသလို ဖြစ်သွားတယ်..."

"မဟုတ်တာပဲ ကွာ ၊ အဲ့လိုမတွေးပါနဲ့ အခုလည်း ဘာမှ ကြီးကြီးမားမား ဖြစ်နေတာမှ မဟုတ်တာ ခေါင်းနဲနဲနောက်နေရုံပဲ အဆင်ပြေတယ်..."

မေတ္တာခြုံ၍ နွေးပါစေWhere stories live. Discover now