Episode 10U

7.4K 402 17
                                    

"ဆက်နိူင် ဘယ်လဲ"

ကွမ်းယာ ဆိုင်ထဲကနေ လက်ပြရင်း လှမ်းနူတ်ဆက်တဲ့ မင်းသူ ကြောင့် ဆိုင်ကယ်ကိုလမ်းဘေးချကာ ထိုးရပ်လိုက်သည် ။မင်းသူက ဆိုင်ထဲကနေ ထွက်လာလိုက်ပြီး သူ့အနားလာရပ်ကာ...

"ဒီနေ့ ပွဲ ရှိလို့လား"

မင်းသူ က အိမ် ၊ ခြံမြေ အရောင်းအဝယ် ပွဲကိုထိုသို့ သုံးလိုက်ခြင်းဖြစ်သည်။

"မရှိပါဘူးကွာ... စျေးထဲဖက်ကို ခဏ သွားမလို့ ၊ ဆိုင်ခန်းခ ရှင်းစရာကျန်တာလေးတွေ သွားတောင်းရမှာ မင်းလိုက်ဦးမလား.."

"မလိုက်တော့ဘူး ငါလဲ ခဏနေ အဖေနဲ့ အပြင်လိုက်သွားစရာ ရှိတယ် ၊ အလုပ် လုပ်တော့မယ်လေ ကွာ ငါ့ မိဘတွေလဲအသက်ကြီးပြီ"

ဆေးလိပ် ကို မီးညှိ ကာတစ်ချက် ဖွာရင်းပြောလိုက်တဲ့ မင်းသူ  ရဲ့ ကြီးကြီးကျယ်ကျယ်စကားကြောင့် ဆက်နိူင် ရယ်ချလိုက်မိကာ...

"ဟား...နေပါဦးဟ ၊စောပါသေးတယ် တော်ကြာ မင်းကြောင့် မိုးခေါင် ရေရှားတွေဖြစ်ကုန်လို့ လူတွေဒုက္ခ ရောက်ကုန်ပါ့မယ်"

"မဟုတ်တာက ပြောတော့မယ်"

"ဟုတ်တာပဲလေ မင်းသူ ဆိုတဲ့ကောင်က မလုပ်စဖူး အလုပ်တွေ ထ လုပ်နေလို့ ရာသီဥတုတွေဖောက်ပြန်ကုန်ပြီဆိုပြီး..."

"သူများကို ပြောရမယ်ဆို မဟုတ်တဲ့စကားက တန်းစီထွက်တယ် မသာ"

မင်းသူ က မကျေနပ်သလို ခြေထောက်ဖြင့်လှမ်းကန်ရင်း ဆိုသည်။

"ဟားဟား.... အလကား ပြောတာပါကွာ ငါ့သူငယ်ချင်း အခုလိုအမြင်မှန်ရပြီး အလုပ်တွေ ထ လုပ်နေတာ ဝမ်းသာပေးရမှာပေါ့..."

"အော် ဒါနဲ့...ငါ ပြောဦးမယ်"

မင်းသူ မျက်နှာက အတည်အတန့်ပြောတော့မယ့်ပုံ ဖြစ်သွားတာကြောင့် သူ ဆက်ပြောရန် မေးငေါ့ပြလိုက်သည်။

"ကိုမဏိ ကို ငါ အခုလေးတင်ပဲ လမ်းထိပ်မှာ လူတစ်ယောက်ကား နဲ့ ပါ သွားတာတွေ့လိုက်တယ်"

"ဟင်...ဘယ်လို"

ကိုယ် နဲ့ ပတ်သက်တဲ့အကြောင်းပြောမယ် ထင်ထားပေမယ့် မဏိ ဆိုတဲ့နာမည် ကြားလိုက်တာကြောင့် ထို စကားကို ပိုပြီး စိတ်ဝင်တစား နားထောင် မိသည်။...

မေတ္တာခြုံ၍ နွေးပါစေWhere stories live. Discover now