Episode 2Z

3.6K 53 2
                                    

ပလေကပ် ပုဆိုး မိုးပြာရောင်ကို ရှပ်အိင်္ကျီ လက်တိုအဖြူရောင်နဲ့တွဲဝတ်လိုက်တာကြောင့် ခပ်လတ်လတ်ရှိတဲ့ သူ့ အသားရည်က ပိုပြီးသန့်သွားသလိုပင် ။

သေချာပုံဖော်ပြီး တိုကပ်ကပ် ညှပ်ထားတဲ့ ဆံပင်တွေကို အနောက်သို့ လှန်ဖြီးလိုက်တော့ ယောက်ကျားဆန်ဆန် မျက်နှာကျ အပေါ်မှာ ထူထဲနေတဲ့မျက်ခုံးတွေက ပို၍ ထင်ပေါ်လာ၏။

ပြီးတော့ ထင်ပေါ်နေတဲ့ နှာတံအောက်က ကကြီးပုံနူတ်ခမ်း ထူပြည့်ပြည့်ကြောင့် သူ့မျက်နှာက ဘယ်ကိုသွားသွား လူချောတစ်ယောက်ဆိုတာ လူတိုင်းအသိအမှတ်ပြုကြသည်။

အဝတ်ဗီဒို ဆီမှာ ကပ်ထားတဲ့ မှန်ထဲက သူ့ ပုံရိပ်သူ ပြန်ကြည့်ကာ ဆက်နိုင် သဘောတကျ ပြုံးမိနေရင်း...

"ကိုကြီးဆက်နိုင်...အဲ့မှန်ရှေ့မှာ ရပ်နေတာကြာလှပြီ ဒီနေ့ အပြင်သွားဖြစ်ဦးမှာလား"

သူ့ အခန်းရှေ့က လှမ်းပြောလိုက်တဲ့ နီလာ့အသံကြောင့် လူက ဖြန်းကနဲ ရှက်မိသွားရာ...

"ငါ့ကိုယ်ငါ တစ်နေကုန်ထိုင်ကြည့်နေတော့ရော နင့်အကြောင်းလား...ကိုယ့်အလုပ်ကိုယ် မလုပ်ဘူး"

"ဝုန်း"

ပြောအပြီး တံခါးကို ဆောင့်ပိတ်လိုက်တာကြောင့် နီလာ ကိုယ်လေးတုန်အောင် လန့်သွားရ၏။

"အပေါက်ကလဲ ဆိုးပါ့ ရုပ်လေးနဲ့မလိုက်ဘူး အဲ့တာကြောင့် ရည်းစားမရှိတာ ဟွန့်... အိင်္ကျီဆိုင်က မနူဝါကလည်း သူ ဒီလောက်အပေါက်ဆိုးတာကို ဘာကြည့်ကြိုက်လဲမသိဘူး...ငါသာဆို ဝေးဝေးက ရှောင်တယ်"

"ကျွီ"

"ဟဲ့ ၊ ဒီမှာ"

"အမလေး..."

တံခါးပြန်ဖွင့်သံနဲ့အတူပေါ်လာတဲ့ ခပ်တည်တည် မျက်နှာကြီး ၊ ပြီးနောက် တစ်စပ်တည်း အော်ချလိုက်တဲ့အသံ ကျယ် ကြီးကြောင့် နီလာခမျာ လိပ်ပြာတောင် လွင့်ချင်မိသွား၏။

"ရည်းစားက ငါ့ဟာငါ မထားချင်လို့မရှိတာ ရှင်းလား...၊ ငါသာ ထားချင်ရင်လေ တစ်ဖက်ကိုဆယ်ယောက်လောက် အထိ တွဲပစ်လို့ရတယ်နားလည်လား"

"ဟုတ်...ဟုတ်ကဲ့"

"သွား ကိုယ့်အလုပ်ကိုယ် လုပ် တော်တော်လျှာရှည်တယ် မိချောင်းမ"

မေတ္တာခြုံ၍ နွေးပါစေWhere stories live. Discover now