Episode 28Z

1.4K 20 0
                                    

ရှေ့ကနေတမင်ပိတ်ရပ်လိုက်တဲ့လူကြောင့် မဏိ ကြည့်မိတော့ အစောကခြံတံခါးလာဖွင့်ပေးတဲ့ ဆောင့်ကြွားကြွားနဲ့ကောင်။ ပြီးနောက် ထိုလူရဲ့ဘေးမှာ ဝန်းရံလာတဲ့ လူမိုက်ရုပ်နဲ့ လူ၃ယောက်... သူ့ ကိုဘယ်လိုအချိုးမျိုးတွေ လာချိုးနေတာလဲ လို့တွေးမိတော့ မျက်နှာက ပိုပြီးတည်တင်းသွားရသည်။ ဒီနေ့ကတော့ သူ့တစ်ကိုယ့်လုံး ဒေါသတွေနဲ့လောင်မြိုက်တဲ့နေ့ဖြစ်မှာအမှန်....။

သူ အိမ်မြန်မြန်ပြန်ချင်ပြီ... ပြီးတော့ တစ်ယောက်သောသူ ရဲ့ရင်ခွင်ထဲကိုတိုးဝင်ပြီး ကြုံခဲ့ရသမျှနာကျင်မှု့တွေ ဝမ်းနည်းမှု့တွေ အားလုံးကို ကလေးတစ်ယောက်လို တိုင်တောချင်မိသည်...။

"မင်း တို့ က ဘာလုပ်တာလဲ... ငါ့ရှေ့က ဘာလို့လာပိတ်ရပ်တာလဲ..."

"ဒီဘက်က ညီလေးက လာရာလမ်းအတိုင်း ပြန်လို့ရပြီ...ဒီက အစ်ကိုလေး ကတော့ ကျွန်တော်တို့နဲ့အတူတူအိမ်ထဲ ပြန်ဝင်ရအောင်နော်...လာ"

မဏိ လက်ကို လှမ်းဆွဲရင်းပြောလိုက်တဲ့လူကြောင့် ထိုလက်တွေကို ရွံရှာသလို ခပ်မြန်မြန်ပဲ ပုတ်ချပစ်လိုက်သည်။ ခေါင်းထဲမှာလည်း အချက်ပေးသံတို့ကလဲ မြည်ဟီးကုန်ရသည်။ ဒယ်ဒီ သူ့ကိုဘာတွေ ထပ်လုပ်ဦးမှာလဲ...ထို့ကြောင့်ပဲ ရှေ့က ရပ်နေတဲ့ကောင်ကို တွန်းထုတ်ပစ်ပြီး နေရာမှထွက်မယ်အပြု ထိုလူ ဘေးက အသားမဲမဲနဲ့လူက အတင်းဝင်လာပြီး မဏိ လက်တွေကို နောက်ပြန် ဝင်ချုပ်ပစ်သည်။

"မင်း..လွှတ်စမ်း...ငါ့အသားကို မထိနဲ့..."

"ကျွန်တော် တို့နဲ့ အေးအေးဆေးဆေး ပြန်လိုက်ခဲ့ပါ အစ်ကိုလေး..."

"မင်းတို့စကားကို နားထောင်ရအောင် မင်းတို့က ဘာမို့လို့လဲ ငါ့ကိုအခုလွှတ်ပေး..."

သူ့စကားကြောင့် ရှေ့က ဂျွတ်ဆတ်ဆတ်မျက်နှာနဲ့ကောင်က ခနဲ့သလိုတစ်ချက်ပြုံးရင်း မျက်ခုံးကုတ်သည်။ ပုံစံ တွေနဲ့ အချိုးတွေက နဲနဲလေးမှ အချိုးမပြေ မဏိ ဒေါသဖြစ်ရလွန်းလို့ ရင်တစ်ခုလုံးလှိုက်ဖိုနေသည်....

"ဆရာရစ်ချက် ပြောတာမှန်တာပဲ မင်း က ဒီလိုအေးဆေးကိုင်တွယ်လို့ရတဲ့အထဲမှာ မပါဘူး...တော်တော်မလွယ်ကျောပဲနော်...အဟက်"

မေတ္တာခြုံ၍ နွေးပါစေWhere stories live. Discover now