Episode 8U

7.7K 432 35
                                    

"ဆက်နိုင် အပြင်သွားမလို့လား"

"အင်း ဟုတ်တယ် ကိုမဏိ ဘာဖြစ်လို့လဲဟင်"

"လမ်းထိပ်က လဖက်ရည်ဆိုင်ကို လမ်းကြုံလိုက်ချင်လို့ ရမလား"

"ရတာပေါ့ဗျ ထူးထူးဆန်းဆန်းတွေ ခွင့်တောင်းနေပြန်ပြီ"

"မဟုတ်ပါဘူး ကိုယ်က မင်းသွားမယ့်နေရာနဲ့ လမ်းမကြုံမှာစိုးလို့"

မဏိ အားနာဟန်လေးနဲ့ပြောတော့ ဆက်နိူင် ကပြုံးလိုက်ကာ...

"ကြုံပါတယ် မကြုံလဲ ဝင်ပို့ပေးခဲ့မယ် လာ"

"အင်း ဒါဆို ခဏစောင့်ဦး ပိုက်ဆံအိတ်သွား ယူလိုက်ဦးမယ်"

ပြောအပြီး ဆက်နိူင်ကို အကြာကြီး မစောင့်စေချင်တာကြောင့် မဏိ အခန်းရှိရာကို အမြန်ပြန်ပြေးတက်ခဲ့လိုက်၏။

စားပွဲပေါ်က ပိုက်ဆံအိတ်ကိုယူလိုက်ပြီး အပေါ်ကထပ်ဝတ်ရန် ရှပ်အိင်္ကျီ တစ်ထည်ဆွဲယူလိုက်သည် ။ ယူ ပြီးကာမှ မိမိ ယူလိုက်တဲ့အိင်္ကျီက ဆက်နိူင် ဒီနေ့ ဝတ်ထားတဲ့ အရောင်နဲ့ဆင်တူနေတာကြောင့် ပြန်ထည့်ပြီးတစ်ခြားဟာယူဖို့ ပြင်လိုက်ပေမယ့်...

"ဟင်...တူတော့ရော ဘာဖြစ်လဲ သူနဲ့ငါနဲ့ဘာဆိုင်တာမှတ်လို့..."

တွေးမိလိုက်တော့ ကိုယ့်အတွေးနဲ့ကိုယ် ပြန်ထည့်ဖို့ပြင်လိုက်တဲ့ ရှပ်လက်ရှည် နက်ပြာရောင်လေးက ကိုယ်ပေါ်ကို ရောက်သွားရသည်။

ပြီးနောက် ကပြာကယာ ပြန်ဆင်းခဲ့လိုက်ပြီး အိမ်ရှေ့ကိုရောက်ကာမှ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သူ့ခြေလှမ်းတွေက ရှေ့တိုးရမလို နောက်ဆုတ်ရမလိုဖြစ်သွားရ၏ ။

ဆက်နိူင်က ဟိုတလောက တွေ့တဲ့ နုဝါ ဆိုတဲ့ မိန်းကလေးကို ပါးနှစ်ဖက်ကို လက်ဖြင့်အုပ်ကိုင်ကာ နမ်းနေသလို မြင်ကွင်းမျိုး ဖြစ်နေတာကြောင့်....။

ခဏ နေတော့ ဆက်နိုင်က ခေါင်းမော့လာပြီး မဏိ ကိုမြင်သွားတော့ သူခိုးလူမိလိုက်သလို ရှက်သွားဟန် ဖြစ်သွားရပြီး အနောက်သို့ ပြန်ဆုတ်လိုက်ကာ...

"ကိုမဏိ ရောက်လာပြီ ငါ တို့ အပြင်သွားကြမှာ နင် အိမ်ထဲကိုပဲ သွားလိုက်တော့နော် အထဲမှာ နီလာနဲ့အဖွားရှိတယ်.."

မေတ္တာခြုံ၍ နွေးပါစေWhere stories live. Discover now