Episode 17Z

1.7K 22 0
                                    

"နူဝါ"

ခေါ်သံကြောင့် ဆိုင်မှာဖြည့်ရမယ့် စာရင်းတွေလုပ်နေရင်းကလှည့်ကြည့်မိလိုက်သည်။ ကောင်တာပေါ်ကို လက် တစ်ဖက် တင်ပြီး ရပ်နေတဲ့ဆက်နိုင် ။ မျက်ခုံးထူထူ နှစ်ဖက်ကို စုကြုံ့ပြီးသူမကိုကြည့်နေသည်က ဒေါသဖြစ်နေဟန်။ ထို့ကြောင့်ပဲ ခနဲ့သလို တစ်ချက်ပြုံးလိုက်ပြီး...

"ရောက်လာတာ မြန်သားပဲ...ငါက အနည်းဆုံးလေးရက် ငါးရက်လောက်နေမှ နင်သိမယ်ထင်နေတာ"

"ဒါဆို ငါ ဘာကြောင့် လာတယ်ဆိုတာ နင်သိမှာပေါ့"

"သိတာပေါ့ ကိုယ့်ကိုယ်ကို ယောက်ကျားလို့ အမည်တပ်ပြီး မိန်းမလို မိန်းမရနဲ့ကောင်က ငါပြောတာတွေ နင့်ကို တိုင်လိုက်လို့မှတ်လား...အဟင်း ကလေး ဆန်လိုက်တာများ"

နူဝါ က သူမ စိတ်ထဲထင်ရာကိုတွေးပြီးပြောသည်။ တကယ်ဆို ငယ်စဉ်ကတည်းက ပေါင်းလာတဲ့ သူငယ်ချင်းမ မို့ ဆက်နိုင် သူမအပေါ် သူငယ်ချင်း သံယောဇဉ်ရှိတာ အမှန်ပါ ။

သို့ပေမယ့် နီလာ့ ဆီက ပြန်ကြားတဲ့စကားတွေအရ ကိုယ်နဲ့ပတ်သက်ပြီး ထိုလူ့ ကို စော်ကားလွှတ်လိုက်တယ်ဆိုသည့် အဖြစ်က သူ့စိတ်ကို ဝမ်းနည်းမိတာရော ဒေါသရောပေါင်းပြီးဖြစ်မိစေသည်။ ထို့ကြောင့်ပဲ...

"ငါတစ်ခုပြောမယ် နင် ဘယ်လိုစိတ်ကူးနဲ့ သူ့ကို အဲ့လိုတွေစော်ကားလိုက်လဲ ငါ မသိပေမယ့် သူကနင်တွေးထားသလို လူမျိုးမဟုတ်ဘူး"

"ပြောပါဦး ဘယ်လိုလူမျိုးလဲ"

"သူငယ်ချင်း သံယောဇဉ်ကြောင့် ငါနင့်ကို စကားကိုလွန်လွန်ကြူးကြူးမပြောချင်ဘူး နူဝါ ၊ သူ့ ဒဏ်ရာ နဲ့ သူတောင် အမြဲနာကျင်နေရတဲ့လူမို့ ငါ့ကြောင့်ဆိုတဲ့စိတ်ကြီးနဲ့ ထပ်ပြီးနာကျင်အောင် မလုပ်ပါနဲ့ အဲ့ဒီလူ ကို ဒီလောက်အထိပြုံးနိုင်ဖို့ကို ငါ အများကြီးကြိုးစားခဲ့ရတာ နင့်စကားတွေကြောင့်နဲ့ ထပ်ပြီး မနာကျင်ပါစေနဲ့ ငါ တောင်းဆိုတာ"

ဆက်နိုင် ရဲ့ စကားတွေက ဒေါသ သံမပါပဲ သူမကို ပြန်ပြီးတောင်းပန်နေတဲ့ လေသံဖြစ်နေပေမယ့် ထိုစကားတှရေဲ့အဓိပ်ပါယျက ဘယ်ကိုရည်ညွှန်းနေတယ်ဆိုတာ သူမ သိတာမို့ မျက်ရည်ကမထိန်းနိုင်ပဲ ကျမိလာသည်။

မေတ္တာခြုံ၍ နွေးပါစေWhere stories live. Discover now