"ဒုန်း...ခလွမ်း"
"အာ့.."
မီးဖိုခန်းထဲက ပစ္စည်းပြုတ်ကျသံနဲ့တစ်စပ်တည်းကြားလိုက်ရတဲ့ အသံအချို့ကြောင့် ဆက်နိုင် လှေကားကနေ အေးဆေးစွာ ဆင်းလာနေရင်းကနေ အလျှင်အမြန်ပဲ ပြေး ဆင်းချလာခဲ့မိသည်။ တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကြောင့် ကြားရတဲ့အသံတို့က ကျယ်လောင်စွာရှိနေ၏။
သူကြားတာမမှားဘူးဆို ဒါ မဏိရာ ရဲ့ အသံ...။ ထို့ကြောင့်ပဲ အဆင့်ဆင့်ရှိနေတဲ့လှေကားတွေကို တစ်လှမ်းထဲနဲ့ ခုန်ချမတတ်...။
အောက်ထပ်ကိုရောက်တော့ သူ တွေးထားသလိုပင် မီးဖိုခန်းထဲမှာ မဏိ က ငုတ်တုတ်လေးထိုင်ပြီး သူ့လက်တစ်ဖက်ကို ကျန်လက်တစ်ဖက်ဖြင့် အုပ်ကိုင်ထားပြီး မျက်နှာလေးကတော့ ရှုံ့မဲ့နေသည်မှာ သနားစဖွယ် မြင်ကွင်းအလား...။
ဘေးမှာလည်း ပြန့်ကျဲနေတဲ့ဖန်ခွက်အကွဲစ တစ်ချို့က ဟိုတစ်စ ဒီတစ်စ ဖြင့်။ဆက်နိုင် စိုးရိမ်စိတ်နဲ့ထိုအနား ကိုခြေလှမ်းကျဲကြီးတွေနဲ့ရောက်သွားရကာ...
"မဏိ...ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ ဟင်"
"ကိုယ်...ကြက်သွန်နီ လှီးလိုက်တာ အဲ့တာ ဓားကလျှော်ပြီးတော့ လက်ကို လှီးမိသွားတာ...လန့်ပြီးလက်ကို ခါလိုက်မိတော့ ဘေးက ဖန်ခွက်တွေကိုလည်း ရိုက်ချလိုက်မိတယ် အကုန်ကွဲကုန်ပြီနဲ့တူတယ်..."
သူ့ကြောင့် ဖြစ်သွားရတယ်စိတ်နဲ့ ဘေးက ဖန်ခွက်အကွဲတွေကိုကြည့်ပြီး စိတ်မကောင်းတဲ့မျက်နှာလေးနဲ့ရှိနေရှာ၏။ ထို အရာတွေက သူချစ်ရတဲ့လူထပ် ဘာများအဖိုးတန်မှာတဲ့လဲ။
"အဲ့တာတွေက အရေးမကြီးပါဘူး...လက်က ဒဏ်ရာ များသွားလား ၊ ဘာလို့ အဲ့တာတွေ လျှောက်လုပ်တာလဲ ဗျာ ၊ ကျွန်တော်လုပ်မှာပေါ့ မဏိရယ်..."
"ကိုယ်လည်း အိမ်မှာနေပြီး ဘာမှလုပ်စရာမရှိတာနဲ့ မင်းအတွက် အကူအညီများဖြစ်မလားလို့ပါ...၊အခုပိုပြီး အနှောက်အယှက် ဖြစ်သွားရပြီထင်တယ်...အားနာလိုက်တာ"
"မလိုပါဘူး ဗျာ...၊ မဏိ ကို ဂရုစိုက်ရမှာကျွန်တော့်တာဝန် ကျွန်တော်က မဏိ အတွက်အရာရာလိုက်လုပ်ပေးနေရတာနဲ့တင် ပျော်နေတဲ့ကောင်ပါ ၊ အခုလို တွေ လျှောက်လုပ်ပြီး ထိခိုက်မိတော့ ကျွန်တော် ဘယ်စိတ်ကောင်းမလဲ..."
YOU ARE READING
မေတ္တာခြုံ၍ နွေးပါစေ
Romanceရဲရဲသာမှီခိုလိုက်ပါ ဒီရင်ခွင်ရော ဒီပခုံးတွေရောအားလုံးဟာ ခင်ဗျားအပိုင် ....