မဏိ အိမ်ပြန်ရောက်ကတည်းက စိတ်နဲ့ကိုယ်နဲ့ကပ်မနေတဲ့ လူလိုမျိုး ဖြစ်နေတာကြောင့် သူပဲ အဝတ်အစား အစိုတွေကိုချော့မော့ပြီးလဲခိုင်းထားရသည်။
အခုလည်း ကုတင်ပေါ်မှာ မလှုပ်မယှက် ထိုင်နေသည်မှာ တစ်ခုခုကို အတွေးလွန်နေသလို မျက်ဝန်းအသေ တွေနဲ့...။
ဆက်နိူင် သူ့ရဲ့အဝတ်ဗီဒိုထဲက ဟူဒီ တစ်ထည်ထုတ်ယူပြီး ဝတ်ပေးလိုက်တော့လဲ ဝတ်ပေးတဲ့အတိုင်းကို အလိုက်သင့်ပဲ နေပေးသည်။ပြီးနောက် ဆံပင်အဖျားတွေမှာ တစ်စက်စက်နဲ့ကျနေတဲ့ ရေတွေကို အသင့်ယူလာတဲ့ မွှေးပွ တဘက် လေးဖြင့် ခြောက်အောင် သုတ်ပေးနေတော့လဲ ထိုအတိုင်းသာ။
မိုးရေထဲမှာ အချိန်အတော်ကြာအောင် ငိုထားခဲ့သည်မို့ မို့အစ်နေတဲ့မျက်ခွံလေးတွေနဲ့ ရဲစပ်စပ်မျက်နှာလေးကြောင့် ဖျားသွားမှာစိုးရိမ်မိတာကြောင့် ဆေးပါကြိုတိုက်ထားရန် တစ်ခါထဲ ပြင်ဆင်ထား လိုက်မိသည်...။
အခုချိန်အထိ သူလုပ် ပေးသမျှတိုင်းကို ငြင်းဆိုခြင်းမရှိပဲ ငြိမ်နေတာကျောက်ရုပ်တစ်ရုပ်လို...
"ဆက်..နိူင်..."
ပထမဆုံးထွက်လာတဲ့ ခေါ်သံ ခပ်တိုးတိုးလေးက အဖျားမှာ အနည်းငယ် တုန်ယင်သွားသလို.. ။
မဏိ က ကုတင်ပေါ်မှာ ထိုင်နေပြီး သူက မတ်တပ်ရပ်နေတဲ့ အနေအထား မို့ မဏိ ပခုံးတွေဆီ ဆုပ်ကိုင်ရင်းနဲ့ သူ ငုံ့ကြည့်လိုက်ကာ...
"ပြောလေ မဏိ...ဘာဖြစ်လို့လဲဟင်"
"ကိုယ့်ကို ဘာဖြစ်လို့ ... ဘာမှ မမေးတာလဲ"
မဏိ မေးတော့ ဆက်နိူင်က ချက်ချင်းပဲ ပြန်ပြီးငြိမ်ကျသွားသည်... ပြီးနောက် ပခုံးတွေဆီ ဆုပ်ကိုင်ထားတဲ့လက်လေးက အားလျော့သွားတာကိုလည်း မဏိ သေချာသတိထားမိလိုက်၏။
အမှန်ဆို သူ နဲ့ ဘုန်းမင်းပိုင် ထိုဆိုင်ထဲကို ဝင်သွားပြီး သိပ် မကြာခင်မှာပဲ ဆက်နိူင် ရောက်လာတာကို မဏိ မြင်လိုက်သည် ။ ဒါဆို သူတို့ပြောနေတဲ့ စကားတွေ သူတို့ ဖြစ်နေတဲ့ ပြဿနာတွေ အားလုံး မဟုတ်ရင်တောင် တစ်ချို့တစ်ဝက်ကို ဆက်နိူင် သေချာ ပေါက်မြင်သွား ကြားသွားမှာအမှန်။
YOU ARE READING
မေတ္တာခြုံ၍ နွေးပါစေ
Romanceရဲရဲသာမှီခိုလိုက်ပါ ဒီရင်ခွင်ရော ဒီပခုံးတွေရောအားလုံးဟာ ခင်ဗျားအပိုင် ....