ဆယ်ကျော်သက်အရွယ်တွင် ပထမဆုံးအကြိမ် စတင်ခံစားမိသည့် ရင်ခုန်သံကို လူတွေက ဒီလိုမျိုး ခေါင်းစဉ်လှလှလေးတပ်ပြီး ရည်ညွှန်းလေ့ ရှိကြသည်။ ထိုသည်မှာ ချစ်ဦးသူ ဟူ၍ပင်။
၁၇ နှစ်အရွယ် ကောင်မလေးတစ်ယောက်ဖြစ်သည့် ကျွန်မအဖို့ အချစ်ဟူသည်မှာ ချိုသည် ခါးသည် ဘာမှမသိသေးသော်အရွယ်သာဖြစ်ခဲ့သည့်တိုင်အောင် အစ်မသည် အရာအားလုံးဖြစ်လာခဲ့ရသည်။ အစ်မနှင့်ကျွန်မ တွေ့ဆုံပုံမှာ အထူးတဆန်းတော့ မဟုတ်။ သွားရင်း လာရင်း ပုခုံးတဖက်စွန်းကို ဝင်တိုက်မိသလိုမျိုး အခိုက်အတန့်လေးတစ်ခုကနေ စတင်လာခဲ့ခြင်းဖြစ်သည်။
နုပျိုသစ်လွင်တဲ့ တိတ်တခိုးရင်ခုန်သံတွေ။ အကြည့်ချင်းဆုံလိုက်တိုင်း နှလုံးသားတွေ ပြုတ်ကျမတက် ဖြစ်ခဲ့ရတာတွေ။ သူ့အကြောင်းတွေးမိလိုက်တိုင်းမှာလည်း ရင်ဘတ်ထဲ လိပ်ပြာတွေပျံသန်းနေသလို ခံစားချက်မျိုးနှင့် မွေ့ယာပေါ် လူးလိမ့်ခုန်ပေါက်ခဲ့ရတာတွေ။ ထိုအရာအားလုံးသည် ချစ်ဦးသူကြောင့် ဖြစ်တည်လာရသည့် လှပမှုတွေသာဖြစ်သည်။ ထို့နည်းတူ နှစ်ခါပြန်မရနိုင်တော့သည့် ငယ်ရွယ်မှုဆိုသည့် အခိုက်အတန့်တွေတိုင်းမှာ အစ်မပါဝင်လာခဲ့သလို ဘဝမှာ အရေးအပါဆုံးမှတ်ဥာဏ်အဖြစ် ကျန်ရှိနေနိုင်သည့် တခုတည်းသော မှတ်တိုင်ငယ်လေးတွင်လည်း အစ်မ ပါဝင်နေခဲ့ပြန်သည်။
ထို့နောက် ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်ရဲ့ ဒိုင်ယာရီစာအုပ်လေးသည် လျှို့ဝှက်ချက်တွေ သိမ်းဆည်းရာ နေရာလေးတစ်ခုဖြစ်လာခဲ့သလို နူးညံ့နွေးထွေးလွန်းတဲ့ အမျိုးသမီးတစ်ယောက်ကြောင့် လှပခဲ့ရတဲ့အခိုက်အတန့်တွေကို စနစ်တကျ သိုလှောင်ထားရာ ဂိုထောင်လှလှလေး တစ်လုံးလဲ ဖြစ်ခဲ့ရသည်။
နွေဦးသည် လှပခြင်းကို အသွင်ဆောင်ပြီး အစ်မသည်လည်းဘဲ အေးချမ်းခြင်းရဲ့ ပြယုဒ်တခုပမာပင်။ အစ်မကို ချစ်ရခြင်းသည် စိတ်ကစားခြင်းလည်းမဟုတ်။ ရင်ခုန်ခြင်းလည်း မမည်တဲ့ တည်ငြိမ်မှုမျိုးပင်ဖြစ်သည်။ ထိုချစ်ခြင်းတွင် လေးနက်မှုတွေ များစွာပါဝင်သည်။ သို့သော် ထိုချစ်ခြင်းတွေကို မိမိဘက်မှ ထုတ်ဖော်ပြသဖို့ရာ မဖြစ်နိုင်ချေ။
အမျိုးသမီးတစ်ဦးအပေါ် ထားရှိသည့် ချစ်မြတ်နိုးရခြင်းတွေကို စာအုပ်လေးတစ်အုပ်အနေနဲ့သာ အသက်သွင်းခွင့် ရခဲ့မယ်ဆိုလျှင် "Every Summer After"ဆိုသည့် Title လေးကိုချိတ်ဆွဲပြီး ပရီယာဟူသည့် အမည်နာမ်မလေးနဲ့သာ အစချီမိတော့မှာပင်ဖြစ်သည်။ ပထမဆုံး စာမျက်နှာလေးရဲ့ ခေါင်းစီးကိုတော့ Forelskelse လို့ အမည်ပေးရင်းနဲ့ပေါ့။
🌸
To be continued
29 October 2023
Published date - 15 March 2024
YOU ARE READING
Every summer after
Fanfictionနွေဦးသည် လှပခြင်းကို အသွင်ဆောင်ပြီး အစ်မသည်လည်းဘဲ အေးချမ်းခြင်းရဲ့ ပြယုဒ်တခုပမာပင်။ အစ်မကို ချစ်ရခြင်းသည် စိတ်ကစားခြင်းလည်းမဟုတ်။ ရင်ခုန်ခြင်းလည်း မမည်တဲ့ တည်ငြိမ်မှုမျိုးပင်ဖြစ်သည်။ ထိုချစ်ခြင်းတွင် လေးနက်မှုတွေ များစွာပါဝင်သည်။ သို့သော် ထိုချစ်ခြင...