အပိုင်း(၂)

7.5K 359 3
                                    

Unicode

မိမိတို့ရောက်သွားတော့ သခင်သည်သူ့အိမ်ထဲ၌ရှိသည်။
ထုံးစံအတိုင်း စာများကိုကြိုးစားပန်းစားရေးနေသည်။

"ဪ....ဦးလေးပါလား...ကိစ္စရှိလို့လားရှင့်"

သခင်ကဖေဖေ့ကိုမော့ကြည့်ကာမေးလာ၏။

"သမီးလွန်းရေ..ဦးသမီးလေးက နောက်ကျနေလို့သမီးဆီမလာရဲဘူးဆိုလို့ ဦးကိုယ်တိုင်လိုက်ပို့ပေးရတာ"

သခင် သူ့ကိုကြည့်လိုက်တော့ သူ့အဖေနောက်ကလေးတွင်ကုတ်ကုတ်ကလေးလိုက်လာကာခေါင်းကိုငုံ့ထားသည်။

အပြစ်လုပ်ထားရင် ရဲရဲဝံ့ဝံ့ရင်ဆိုင်တာမျိုးကိုသာ နှစ်သက်သည်။ထို့သို့သော အပြစ်လုပ်ထားပြီးကြောက်ရွံ့တတ်သူများအား မနှစ်သက်လှပါ။

"သူကဘာလို့နောက်ကျနေရတာလဲ ဦးလေး"

"သမီးလေးကခဏအိပ်ချင်လို့ဆိုပြီးအိပ်လိုက်တာနောက်ကျသွားတယ်သမီးရယ်...သမီးလေးက၃နာရီမထိုးခင်နှိုးခိုင်းပေမဲ့ ဦးလည်းသမီးလေးအိပ်နေတာသနားတာနဲ့မနှိုးဘဲထားလိုက်မိတာ"

စိတ်ထဲ၌သက်ပြင်းသာခိုးချမိသည်။
ဦးသိန်းထွဋ်သည် သူ့သမီးကိုအလိုလိုက်လွန်းသည်။ဘာမဟုတ်တာလေးတွေကအစအလိုလိုက်နေတာမျိုးသဘောမကျပါ။
လူဆိုတာစည်းနဲ့ကမ်းနဲ့နေရမည်မဟုတ်လား။သခင်ကတော့အဲ့ဒီလိုပဲသတ်မှတ်ထားသည်။

"ဒီတစ်ခါတော့ ထားလိုက်ပါတော.. နောက်တစ်ခါဆိုရင်တော့ သူ့ကိုနောက်မကျစေပါနဲ့...သူနောက်ကျရင်သူ့အတွက်စာသင်ချိန်လျော့သွားလို့ပါ"

"အင်းပါ သမီးရယ်..နောက်တစ်ခါနောက်မကျစေရပါဘူး"

"ဟုတ်ကဲ့"

"သမီး ဖေဖေ သွားတော့မယ်နော်"

"ဟုတ်"

ထိုကလေးကိုကြည့်လိုက်တော့ သူ့အဖေကို
ပြန်စေချင်သေးတဲ့ပုံမပေါ်ပါ။

မိမိကိုလည်းမျက်လုံးလေးများက အသနားခံသလိုပြုမူနေသည်။

"လာထိုင်လေ အဲ့ဒီမှာရပ်ပြီးဘာလုပ်နေတာလဲ"

"ဟုတ် သခင်"

"ရပြီလား မနေ့ကစာတွေက"

"ဟုတ်ရပါပြီ "

သခင် (Completed)Where stories live. Discover now