အပိုင်း(၃၁)

7.6K 435 21
                                    

Unicode

သခင့်ကို စူးစူးစိုက်စိုက်ကြည့်နေသည်။
သူ့ပုံစံသည် တစ်ခုခုကိုစူးစမ်းနေသလို။
သခင် သူ့ကိုစချင်သွားသည်။

"ဘာကြည့်တာလဲ"

သခင်‌ဆူငေါက်ငေါက်လေးပြောလိုက်တော့ ယောင်ရမ်းကာအကြည့်လွှဲသွားသည်။

"ဟင်..ဘာကြည့်တာလဲလို့"

"အစ်မ သခင့်ကိုသိလားဟင်"

သူချက်ချင်းမျက်နှာပျက်သွားသည်။
သခင်ဆိုတဲ့နာမည်ကြားလိုက်တာနဲ့သူ့မျက်နှာပျက်ပျက်သွားတတ်သည်။
သူသည်သခင်ဆိုတဲ့သူနဲ့ တစ်ခုခုပတ်သက်နေတာမျိုးမဖြစ်နိုင်ဘူးလား။

"မသိပါဘူးကလေးရယ်..မင်းပြောတဲ့ သခင်ဆိုတာ အပြင်မှာလည်းမရှိပါဘူး"

"ဘာလို့မရှိရမှာလဲ..ဆေးရုံမှာကျွန်မသတိရလာတဲ့နေ့တုန်းက အိမ်ကိုလာလာနေတဲ့အစ်မက သခင့်ကိုသိလားလို့မေးခဲ့တာလေ"

သခင်ဘာပြန်ပြောရမလဲမသိတော့။သခင့်ကိုမသိဘူးလို့ပဲ ညာထားရမှာပဲမဟုတ်လား။အခြားပြောစရာစကားမှရှိမနေခဲ့တာ‌ေလ။

"မမတော့မသိဘူး..မင်းသိရင်တော့ မပြောတတ်ဘူး..မမတော့တစ်ခါမှမကြားဖူးပါဘူး"

"အစ်မ မသိလည်း သူများပဲမေးရုံပေါ့"

စိတ်ဆိုးကာ ထသွားသည်။သူအခုလိုမျိုးရစ်တဲ့အခါမျိုးဆိုရင် တကယ်စိတ်ညစ်ပါသည်။
ကိုယ်ကသခင်ပါဆိုတာကိုဘယ်လို ပြောရမလဲ။သူ့ရဲ့အသိစိတ်နဲ့သိသွားတာမျိုးပဲလိုချင်ပါသည်။သူသာ သခင့်ကိုပြန်မှတ်မိသွားရင် သခင့်ကိုမုန်းချင်လည်းမုန်းသွားနိုင်သည်။
ဒါတော့ သခင်လည်းလုပ်ယူလို့ရတဲ့အရာမဟုတ်တာမို့မတတ်နိုင်ပါ။

အတုံ့အလှည့်ပဲပေါ့ကလေးရယ်။မင်းချစ်နေတုန်းက မမကမင်းကိုမုန်းနေခဲ့တာပဲလေ။မမကမင်းကိုချစ်နေတဲ့အခါကျ မင်းမုန်းနေရင်လည်းကျေကျေနပ်နပ်နဲ့ခံရုံပဲပေါ့။ဝဋ်ဆိုလည်းလက်ခံရမှာပဲပေါ့ကလေးရယ်။

"မမဝင်လာမယ်နော်"

"မလာခဲ့နဲ့"

သေချာပေါက်အခန်းထဲမှာ စူပုတ်နေတော့မည်။အရင်တုန်းက အလင်းနဲ့ အခုအလင်းဟာ တစ်ခြားစီဖြစ်သွားသည်။ ခံစားချက်တွေပါ ဆန့်ကျင်ဘက်ဖြစ်သွားမှာကိုတော့သိပ်ကိုကြောက်မိပါသည်။

သခင် (Completed)Where stories live. Discover now