Unicode
"အလင်း"
"ရှင်"
"မမအခန်းမှာ အိပ်တာကြာပြီလား"
"အင်း..သခင်ထွက်သွားကတည်းကဆိုပါတော့"
"မမတောင်းပန်ပါတယ်နော် ..အလင်းကိုတစ်ယောက်တည်းထားခဲ့မိလို့"
"သခင့်ကို အပြစ်မမြင်ခဲ့တာမို့..တောင်းပန်စရာမလိုပါဘူးသခင်ရယ်"
သခင့်ပခုံးပေါ်မှီကာ သခင့်လက်ချောင်းများကို တစ်ခုချင်းသေချာကြည့်နေလိုက်သေးသည်။
"သခင့်လက်ကလေးတွေကသွယ်ပြီးလှလိုက်တာ..လင်းရဲ့လက်တွေကကျသခင့်လိုမလှဘူး"
"အပေါ်ယံအလှတွေပါကလေးရယ်...ဘာမှလုပ်မရပါဘူး"
"အပေါ်ယံအလှဆိုလည်း လင်းကြိုက်တယ်လေသခင်ရဲ့...သခင့်အလှတွေကိုအကုန်ကြိုက်တယ်...သခင့်ကိုလည်းကြိုက်တယ်..သိရဲ့လား"
ထပ်ပြီးသခင့်ခြေချောင်းတွေကိုကိုင်ကြည့်နေပြန်သည်။တကုပ်ကုပ်နဲ့ ဘာေတွလုပ်မှန်းမသိပါ။အရင်တုန်းက တည်တည်ငြိမ်ငြိမ်ရှိလှတဲ့ကလေးလေးမဟုတ်တော့။တဖြေးဖြေးနဲ့
ကလေးပေါက်စတွေနဲ့တောင်တူလာသည်။"သခင့်ခြေထောက်တွေကို ခြေသည်းဆေး
ဆိုးပေးချင်လို့"သခင်ဒီကလေးနေမကောင်းဖြစ်ပြီးကတည်းကအလှအပတောင်ဂရုမစိုက်မိတော့တာပါ။ အခုလည်း ခြေသည်းလေးတွေတောင်အနည်းငယ်ရှည်နေသည်။ခြေသည်းနီဆိုရင်ေတာ့အချိန်ပေးပြီးမဆိုးဖြစ်တော့တာကြာခဲ့ပြီ။
"အင်း...သဘောပဲလေ"
"သခင် ဘာရောင်လေးကြိုက်လဲ"
"ဘာရောင်တွေရှိလို့လဲ အလင်းရဲ့"
"ရောင်စုံရှိတယ်လေ"
"မမ လက်သည်းဆေးဆိုအပြာရောင်ကြိုက်တယ်"
"ရှိ ရှိ"
ဗူးလေးနဲ့ လက်သည်းဆေးနီမျိုးစုံထုတ်လာသည်။ဒီကလေးလေးသည် အလှအပလည်းမက်တာပါပဲလား။
"သခင် ဒီအရောင်လေးကြိုက်လား"
"အင်း မဆိုးဘူး..လှမှာပါ"
"သခင့်ခြေသည်းေတွအရင်ညှပ်ပေးမယ်"
"ရတယ်ကလေး မမဘာသာလုပ်လိုက်မယ်"
YOU ARE READING
သခင် (Completed)
Romanceသခင်... ရက်စက်တဲ့သခင်... ဒဏ်ရာတွေပေးတဲ့သခင်... အမုန်းတွေသာပေးခဲ့တဲ့သခင်.... နှလုံးသားရဲ့သခင်...