Unicode
"မမယုကိုအားနာလိုက်တာရှင်"
"ကြံဖန်အားနာနေပြန်ပြီ ဒီကလေးတော့"
" အားနာရတာပေါ့ မမယုရဲ့"
ဖူးမြတ်ဆီအလည်သွားရင်း ညရောက်သွားသဖြင့် မမယုကပြန်လိုက်ပို့သည်။
အားနာသဖြင့် လိုက်မပို့ဖို့ငြင်းပေမဲ့ စိတ်မချဘူးဟုဆိုကာ လိုက်ပို့ပေးခဲ့သည်။"မမယုကိုတစ်ခုမေးချင်လို့ရမလားဟင်"
"ဘာများမေးချင်လို့လဲ လင်းလေးရဲ့"
မမယုသည် မိမိဘက်သို့ခေါင်းလှည့်ကြည့်ရင်းမေးသည်။
"မိန်းကလေးတစ်ယောက်ကအခြားမိန်းကလေးတစ်ယောက်ကို ချစ်မိနေတယ်ဆိုတဲ့အပေါ် မမယုဘယ်လိုမြင်လဲဟင်"
ဒီလိုမေးခြင်းမှာအကြောင်းရှိပါသည်။
မမယုရော သခင်ရောနှစ်ယောက်စလုံးကလုံးဝကို အဖြောင့်စစ်စစ်တွေဖြစ်ပြီး နှစ်ယောက်စလုံးကအနေအထိုင်သိမ်မွေ့ကာ မိန်းမဆန်ကြသည်။
သခင့်ကိုချစ်တယ်ဖွင့်ပြောတုန်းက သခင့်မျက်နှာမှာအံ့ဩရှက်ရွံ့သွားဟန်တဲ့ ဒေါသထွက်နေတဲ့အမူအရာတို့ပြကာ မိမိကိုတောင်ရိုက်ခဲ့သည်မဟုတ်လား။ဒါကိုကြည့်ခြင်းဖြင့် သခင်သည် အဲ့ဒီလိုချစ်ခြင်းမျိုးအပေါ်မနှစ်သက်၊လက်မခံနိုင်တာသိသာနေသည်။
အခုတော့ မမယုလိုလူဆီကထင်မြင်ချက်ကိုသိချင်မိသည်။အနည်းဆုံးတော့ သခင်ရဲ့ခံယူချက်နဲ့မမယုရဲ့ခံယူချက်တူနေခဲ့ရင် ကိုယ့်အတွက် ဘာတွေဆင်ခြင်ပြီး ဘာတွေပြုမူရမလဲဆိုတာ အကူအညီဖြစ်ရင်ဖြစ်နိုင်သည်။"မမအနေနဲ့တော့ သူများတွေဘယ်လိုနေထိုင်တယ်ဆိုတာအရေးမကြီးဘူးလေ၊လူတိုင်းကကိုယ့်စိတ်နဲ့ကိုယ်ပဲမဟုတ်လား...အဓိက က ကိုယ့်ရဲ့လုပ်ရက်ကအခြားသူကိုအနှောက်အယှက်မဖြစ်ရင်ရပြီပဲလေ...လင်းရဲ့"
"ဒါဆို မမယုကအဲ့လိုမျိုးအချစ်တွေကိုလက်ခံတာပေါ့နော်"
"လက်မခံဘူးလက်ခံတယ်ဆိုတာထက် သူများတွေအဲ့လိုမျိုးချစ်တော့ရော မမကိုဘာမှဘာထိခိုက်နေတာမှမဟုတ်တာ မမနဲ့အနေသာကြီးလေ"
မမယုကိုသံသယဝင်မိတာကိုကတကယ်အမှားပဲ။မမယုသည်အစကတည်းကစိတ်ထားပြည့်ဝတဲ့မိန်းမပဲလေ။သူ့အလုပ်သူလုပ် သူ့အကြောင်းသူပဲခေါင်းထဲထည့်တဲ့သူမျိုး၊အခြားဘာမှသိပ်ပြီးတွေးတောနေတတ်တဲ့သူမှမဟုတ်တာ။
YOU ARE READING
သခင် (Completed)
Romanceသခင်... ရက်စက်တဲ့သခင်... ဒဏ်ရာတွေပေးတဲ့သခင်... အမုန်းတွေသာပေးခဲ့တဲ့သခင်.... နှလုံးသားရဲ့သခင်...