အပိုင်း(၅)

6.4K 316 6
                                    

Unicode

"မောင်..ငါ့ကိုအင်္ကျီတွေရွေးပေးဦးနော်"

"ရွေးပေးမှာပေါ့ဟ"

"ဖူးမြတ်ကလည်းလေ ပြီးမှမုန့်စားလည်းရနေတာကို ငါတို့နဲ့လိုက်မလာဘူး"

"ဘာဖြစ်လဲ ငါပါနေတာပဲကို"

အဝတ်အစားဝယ်ရန်ဆိုပြီး ဖူးမြတ်ရယ်မောင်ရယ်အတူတူထွက်လာခဲ့ကြပြီးကာမှ
ဖူးမြတ်က ဝက်သားဒုတ်ထိုးစားမယ်ဆိုကာ ဒုတ်ထိုးဆိုင်၌ကျန်ခဲ့သည်။
အခုတော့မောင်နဲ့နှစ်ယောက်တည်းသာ။

"လင်း..ဟိုမှာကြည့်လိုက်..အတွဲထင်တယ် နှစ်ယောက်စလုံးလှတယ်နော်"

မောင်ပြတဲ့ဘက်ကိုကြည့်လိုက်မိတော့
သခင်နဲ့သူရဲ့ဘေးမီာယောက်ျားတစ်ယောက်။သခင့်ရည်းစားထင်သည်။
ရုပ်ရေကတော့အသန့်ပါပဲ။
ဒီလူက သခင့်ရဲ့မောင်ဆိုတဲ့သူပေါ့။

မုန်းလိုက်တာအဲ့ဒီယောက်ျားကို။
သခင်သည်လည်းကိုယ်နဲ့သာ အပြုံးအရယ်မရှိခဲ့တာပါ။အဲ့ဒီယောက်ျားနဲ့ကျပြုံးရွှင်မှုကမျက်နှာတွင်အတိုင်းသား‌ပေါ်လွင်နေ၏။
မနာလိုမိလိုက်တာများ၊အဲ့ဒီယောက်ျားကိုသွားသတ်ချင်မိသည်အထိပါပဲ။

"ဘာမှမလိုက်ဘူး...မကြာခင် အဲ့ဒီအတွဲပြတ်မှာ"

မောင့်၏စကားအားစိတ်တိုတိုနဲ့ပြန်ချေပလိုက်သည်။
ဘယ်ရည်စားအတွဲကိုမှပြတ်စေလိုတဲ့စိတ်ဆန္ဒမျိုးမိမိမှာမရှိခဲ့ပါ။ဒီအတွဲကတော့ခြွင်းချက်ပေါ့။

"နင်ကလည်း သူများအတွဲကို"

"လာပါနင်ကလည်း စကားကိုများတယ်"

မောင့်ကိုခေါ်ကာ သခင့်တို့ရှိနေတဲ့ဆိုင်ထဲသို့ဝင်လာခဲ့သည်။

မိမိတိုင်ထဲသို့ဝင်လာခြင်းကိုသခင်ကမြင်သည်။
ကြည့်လည်းကြည့်နေသည်ဟု စိတ်ကခံစားမိသည်။သခင့်ကိုတော့ပြန်မကြည့်မိပါ။

စိတ်ကြိုက်ဝတ်စုံလေးတစ်ခုကိုတွေ့သဖြင့်ယူကြည့်မိသည်။

"မောင်..ဒါလေးလှလား"

"လှတာပေါ့လင်းရဲ့..နင်ကဘာဝတ်ဝတ်လိုက်နေတာကို"

"အဲ့လိုတော့မပြောနဲ့လေမောင်ရာ...ရွေးပေးပါဆိုတာကို"

သခင် (Completed)Where stories live. Discover now