အပိုင်း(၆)

6.3K 322 7
                                    

Unicode

"သခင် လင်းကိုဘာလို့ခေါ်လိုက်တာလဲဟင်။ပြောစရာရှိလို့လား"

မိမိမှာ သခင်ကဖုန်းမဆက်စဖူးဆက်သဖြင့်အံ့ဩခဲ့ရသေးသည်။သခင်ကဖုန်းဆက်ပြီးသူ့အိမ်သို့လာရန်ပြောခဲ့သည်။

သခင့်လေသံသည်မာထန်နေသဖြင့် မိမိအားစိတ်ဆိုးနေတယ်ဆိုတာကိုတော့ခန့်မှန်းမိပါ၏။
သို့သော် ကိုယ်သည် ဘာအမှားမှ လုပ်မထားမိပေ။

"မင်းနဲ့တို့ကို မိဘတွေကပေးစားဖို့
လို့လုပ်နေတာမင်းသိလား"

"အဲ့..အဲ့ဒါက"

"ဘာလဲ မင်းသိပြီးသားလား"

ဘာဖြေရှင်းချက်မှမပေးရဲသလို သခင့်ကိုလည်းမကြည့်ရဲပါ။ထို့ကြောင့် သခင့်မျက်လုံးများကို ရှောင်တိမ်းနေမိသည်။

"မေးနေတယ်လေ မင်းသိပြီးသားလားလို့"

"ဟုတ် လင်း သိပြီးပါပြီ"

"ဘာရယ် မင်းသိရက်နဲ့တောင် တို့ကိုဘာမှမပြောဘဲထားခဲ့တယ်ပေါ့"

ခေါင်းငုံ့ထားမိသည်။
သခင့်မျက်နှာကိုလည်းစေ့စေ့မကြည့်ရဲပါ။

"‌ဖြေလေ မင်းမှာပါးစပ်မပါဘူးလား"

"ဖေဖေစီစဉ်တာတွေပါ လင်းလည်းဘာမှမသိပါဘူး"

"မင်းလက်ထပ်ပွဲကိုလက်ခံလိုက်လား"

လူလည်းအငွေ့ပင်ပျံချင်မိပါသည်။
ထိုကိစ္စဟာ ဒီအတိုင်းပြီးသွားရင်သိပ်ကောင်းမှာပဲ။

"ဟုတ်"

"ဘာရယ် မင်းရူးနေလား...တို့နဲ့မင်းကနှစ်‌ယောက်စလုံးမိန်းမတွေနော်...ပြီးတော့တို့မှာချစ်သူရှိတယ်"

သခင်သည် မိမိ၏ပခုံးနှစ်ဖက်အား အားပါပါလှုပ်ကိုင်ရင်းဆိုသည်။သခင့်ရဲ့စိတ်တိုနေတဲ့
ပုံစံကိုမြင်ဖူး‌ခဲ့ပေမဲ့ ဒီတစ်ခါ အဆိုးဆုံးဖြစ်သည်။အစိမ်းသက်သက်မျက်ဝန်းများသည် အရင်တုန်းကထက်ပိုစိမ်းကားနေသယောင်ရှိသည်။

"ဖေဖေစီစဉ်တာလေ လင်းဘာတတ်နိုင်မှာလဲ သခင်ရဲ့"

"မင်းမှာပါးစပ်မပါဘူးလား...ငြင်းလိုက်ပါလား..."

သခင် (Completed)Where stories live. Discover now