Unicode
သခင်သူ့နောက်သို့အပြေးလိုက်သွားလိုက်သည်။
သနားစရာကောင်းစွာ သူသည်အရင်က ဂစ်တာတီးရင်ထိုင်နေကျနေရာလေးမှာကုပ်ကုပ်ကလေးထိုင်ကာငိုနေသည်။
သခင်သူ့ဘေးနားသို့သွားကာ ဝင်ထိုင်လိုက်သည်။"အလင်း"
"မလာပါနဲ့"
"ဘာလို့လဲကလေးရဲ့..မမကိုဘာလို့နှင်ထုတ်နေရတာလဲ"
"ကျွန်မကိုမုန်းသွားဦးမှာပဲမလား...ကျွန်မ မှတ်ဉာဏ်တွေပြန်ရတာသိသွားပြီမို့ ကျွန်မကိုအရင်တုန်းကအတိုင်းမုန်းသွားမှာပဲမလား"
"မမကိုကြည့်စမ်းပါ အလင်းရယ်"
သူ့ကိုယ်လုံးကို သခင့်ဘက်လှည့်စေကာ
သခင့်ကိုကြည့်စေသည်။မျက်ရည်တွေကြားမှ သခင့်ကိုပြန်ကြည့်လာသည်။"မမက အလင်းကိုမုန်းနေတဲ့ပုံပေါက်နေလို့လား"
"ဒါပေမဲ့ ကျွန်မကိုမုန်းနေတာပဲမလား"
"မမ မနေ့ကမှ အလင်းကို ချစ်တယ်လို့ပြောထားတာလေ"
"အဲ့ဒါလည်း သခင်ကျွန်မကိုတကယ်မချစ်ဘဲ ပြောခဲ့တာပဲမလား"
"မဟုတ်ပါဘူး ကလေးရယ်..မမမင်းကိုတကယ်ချစ်လို့ပြောခဲ့တာပါ"
"ကျွန်မသခင့်ကိုမယုံဘူး...သခင်ကျွန်မကိုဘယ်လောက်ထိမုန်းလဲဆိုတာကျွန်မသိတယ်"
မယုံဘူး တဲ့လား ကလေးရယ်။ သခင်ချစ်တာကိုမယုံဘူးတဲ့။
"ဒါဆို မမဘယ်လိုသက်သေပြမှယုံမှာလဲ"
"ဘာနဲ့မှသက်သေမပြပါနဲ့သခင်...ကျွန်မကိုလည်းဟန်ဆောင်ချစ်ပေးစရာမလိုပါဘူး...သခင်ကျွန်မကိုမချစ်ဘူးဆိုတာလည်းကျွန်မသိတယ်...မုန်းနေတယ်ဆိုတာလည်းကျွန်မသိတယ်"
သူ့စကားတွေကြောင့်သခင်နာကျင်ရသည်။
သူ့ကိုအမှန်အကန်ချစ်နေပြီဆိုကာမှ သူ့ဆီမှမယုံကြည်ခြင်းတွေကိုရနေရသည်။"မမမင်းကိုမမုန်းပါဘူးကလေးရယ်..မမ မင်းကိုသိပ်ချစ်တာပါ"
"သခင့်အသက်ကိုကယ်ခဲ့လို့ဆိုပြီး မချစ်ဘဲနဲ့ပြန်ချစ်ပေးစရာမလိုပါဘူးသခင်ရယ်...အဲ့ဒါကြောင့်ဆိုရင်တော့ သခင့်မေမေကျွန်မကြောင့်ဆုံးသွားခဲ့တာမလား...အဲ့ဒါနဲ့ေချလိုက်ပါ..ဒါတောင်ကျွန်မဘက်က အကြွေးတင်နေသေးပါတယ် ..သခင့်ကြောင့်ကျွန်မ မသေခဲ့ဘူးလေ"
YOU ARE READING
သခင် (Completed)
Romanceသခင်... ရက်စက်တဲ့သခင်... ဒဏ်ရာတွေပေးတဲ့သခင်... အမုန်းတွေသာပေးခဲ့တဲ့သခင်.... နှလုံးသားရဲ့သခင်...