Unicode
သည်းထန်စွာရွာသွန်းနေတဲ့ မိုးစက်များကို ပြတင်းပေါက်မှတစ်ဆင့်ငေးကြည့်နေမိသည်။တဖျပ်ဖျပ်လက်သွားသောလျှပ်စီးများနှင့်ကျယ်လောင်သောမိုးချုန်းသံများသည်လည်း ထိတ်လန့်စဖွယ်ကောင်းလှသည်။
သခင့်စိတ်ထဲတွေးနေမိ၏။
အခုအချိန်ဆို သူသည်အရင်တစ်ခေါက်တုန်းကလိုများ ခုတင်အောက်ကလေးကိုပဲဝင်နေမလား။ဒါမှမဟုတ် အခန်းထောင့်လေးမှာပဲရှိနေမလား။သေချာတာကတော့ သူကြောက်ရွံ့နေလိမ့်မည်။ဟိုတစ်ခါလိုအခန်းတံခါးကိုလည်း သူလာမခေါက်တော့။သူ့စိတ်ထဲမှတ်သွားလို့များလားဆိုတာတော့မပြောတတ်ပါ။
သို့သော် သခင့်စိတ်တွေအလိုမကျချင်ဖြစ်နေသည်။
အရင်လိုတံခါးလာခေါက်မဲ့ကောင်မလေးကိုမျှော်လင့်နေမိသည်။သို့သော် မိုးရွာနေသည်မှာ၁နာရီကျော်သွားပြီမဟုတ်လား။
သူ့ကိုလည်းဒီနေ့ရိုက်လိုက်မိသေးတယ်မဟုတ်လား။
သူလာခေါက်တော့မည်မဟုတ်။
သေချာတာကတော့ သခင်သူ့ကိုစိတ်ပူနေ
မိသည်။ပင်ကိုယ်စိတ်ကတစ်ခုခုဆို လူတိုင်းအပေါ်ကိုသနားတတ်လို့ပဲဖြစ်မည်။
သူမဟုတ်ဘဲအခြားကလေးတစ်ယောက်ဆိုရင်လည်းသခင်စိတ်ပူမိမှာပဲမဟုတ်လား။သေချာသည်။မနေနိုင်စွာသူ့အခန်းတံခါးရှေ့ထိသွားရပ်လိုက်မိပြီ။
ပြီးနောက် တံခါးကိုခေါက်လိုက်သည်။သို့သော် တုံ့ပြန်သံထွက်မလာပါ။ပိုပြီးစိတ်လှုပ်ရှားသွားကာ အခန်းတံခါးကိုဖွင့်ကြည့်လိုက်တော့အလွယ်တကူပွင့်သွားသည်။သို့သော် အခန်းထဲသို့ လှမ်းနေသောခြေလှမ်းတစ်လှမ်းသည် တစ်စုံတစ်ရာကြောင့်ရပ်တန့်သွားရ၏။
ဧည့်သည်မိန်းကလေး၏ ရင်ခွင်ထဲတွင်အိပ်ပျော်နေသော သူ။
ဘာကြောင့်မှန်းမသိ ရင်ထဲမကောင်းဖြစ်သွားသည်။မနှစ်တုန်းကမောင့်ကိုသူ့သူငယ်ချင်းကောင်မလေးနဲ့အတူတွေ့လိုက်ရတုန်းကလို အလိုမကျတဲ့ခံစားချက်မျိုးနှင့်အလားတူနေသည်။ဟင့်အင် မဟုတ်ဘူး။အဲ့ဒီဟာထက် ကိုပိုနေခဲ့တာပါ။
"အချစ်လား..ဟင့်အင် မဖြစ်နိုင်ပါဘူး"
ဘယ်တုန်းကမှမတွေးကြည့်ဖူးတဲ့အရာကိုပင်တွေးမိသွား၏။
ဒီအတွေးကိုလည်းလက်မခံနိုင်ဘူး။
မနက်ကတောင် သခင့်ကို ချစ်တယ်လို့ပြောခဲ့လို့ သူ့ပါးကိုတောင်ရိုက်ခဲ့သေးတာပဲမဟုတ်လား။အဲ့ဒီအချိန်တုန်းက ရှက်ရွံ့စိတ်ဝင်သွားသည်။မောင်ကချစ်တယ်ပြောတုန်းကတောင် အခုလိုမျိုးထိမရှက်ရွံ့မိခဲ့ပါ။ပြီးတော့မိန်းကလေးတစ်ယောက်စီကအခုလိုအပြောခံရလိမ့်မယ်လို့မျှော်လင့်မထားမိတာကြောင့်လည်းဖြစ်မည်။
YOU ARE READING
သခင် (Completed)
Romanceသခင်... ရက်စက်တဲ့သခင်... ဒဏ်ရာတွေပေးတဲ့သခင်... အမုန်းတွေသာပေးခဲ့တဲ့သခင်.... နှလုံးသားရဲ့သခင်...