Unicode"ရောင်စဉ် နင် မင်းမြတ်မောင်ကို ငြင်းလိုက်တယ်ဆို"
ဘယ်ကတည်းက ပြောချင်နေသလဲမသိပါ။ အိမ်ထဲရောက်ရောက်ချင်းကိုမေးတော့သည်။
"သူကပြောပြတာလား"
"အင်း သူကပြောသေးတယ် နင်ကသဘောကျနေတဲ့သူရှိတယ်ဆို"
ဖူးမြတ်သည် မကျေမနပ်ဟန်နဲ့ပြော၏။မိမိဘက်ကသဘောကျနေတဲ့သူကိုမပြောပြလို့ သူစိတ်ဆိုးနေတာဖြစ်လိမ့်မည်။
"အွန်း"
"ငါကိုဘာလို့တစ်ခါမှမပြောပြရတာလဲ...နင်ငါ့ကိုမခင်ဘူးလား"
"မဟုတ်တာဖူးမြတ်ရာ...ငါနင့်ကိုအခင်ဆုံးကို"
မိမိမှာတကယ်ပဲအခင်ဆုံးသူငယ်ချင်းဆိုလို့ဖူးမြတ်ပဲရှိခဲ့တာပါ။
"ဒါဆိုငါ့ကိုတောင်ဘာမှမပြောဘဲ ဘာလို့ဖုန်းကွယ်ထားတာလဲ"
ဘယ်လိုပြောရဲခဲ့ပါ့မလဲ။ကိုယ်ချစ်မိနေတာမိန်းမတစ်ယောက်ဆိုတာကိုလေ။ပြီးတော့ သူတို့လက်မခံမှာလည်းကြောက်မိသေး၏။ဒါပေမဲ့ ဒီနေ့တော့ပြောဖြစ်တော့မယ်ထင်ပါရဲ့။
"ပြောဖို့အဆင်မပြေလို့ပါ"
"ဘာအဆင်မပြေစရာရှိလဲဟာ...နင်သဘောကျနေတဲ့သူဆို ငါကိုယ်တိုင်တောင်တွန်းပို့ပေးဦးမှာ"
"ထားလိုက်ပါ..."
"မရဘူးရောင်စဉ်..နင်မပြောပြရင် နင်ငါ့ကိုမခင်ဘူးလို့သတ်မှတ်လိုက်မှာ"
"နင်ဘာဖြစ်ဖြစ်လက်ခံမှာလား"
"ဘာတုန်း ဘာလက်မခံနိုင်စရာရှိရမှာတုန်း"
"ငါချစ်နေတာမိန်းကလေးတစ်ယောက်"
"ဟင်"
သိသားပဲ။ သူအံ့ဩသွားမယ်ဆိုတာကိုပေါ့။ပြီးတော့သူ ကိုယ့်ကို အထင်သေးသွားမှာလား။
"နင် လက်မခံနိုင်ဘူးမလား"
"ဟာ..မဟုတ်ပါဘူး ငါကအံ့ဩသွားလို့ပါ..နင်ကမိန်းကလေးတွေကိုစိတ်ဝင်စားမယ်မှန်းမထင်ခဲ့ဘူးလေ"
တစ်ခါတလေမိန်းကလေးတစ်ယောက်ကိုသဘောကျနေကြောင်းမပြောပြချင်တဲ့အချက်တွေထဲမှာ ထိုအရာလည်းပါသည်။သူတို့တွေက မိန်းကလေးတစ်ယောက်ကိုသဘောကျတယ်လို့ပြောလိုက်တာနဲ့ မိန်းကလေးတိုင်းကိုစိတ်ဝင်စားတယ်လို့ထင်တတ်ကြတယ်မဟုတ်လား။လူတိုင်းမဟုတ်ပေမဲ့ တချို့တွေဆိုပိုဆိုးသည်။ဒါကြောင့်ဘယ်သူ့ကိုမှ ကိုယ့်ရဲ့ဖြစ်တည်မှုကိုမပြောပြချင်ခဲ့တာပါ။
YOU ARE READING
သခင် (Completed)
Romantikသခင်... ရက်စက်တဲ့သခင်... ဒဏ်ရာတွေပေးတဲ့သခင်... အမုန်းတွေသာပေးခဲ့တဲ့သခင်.... နှလုံးသားရဲ့သခင်...