Unicode
"သခင် ဒီမှာကြည့်"
မှန်ရှေ့မှာခေါင်းဖြီးနေတဲ့သခင့်ကို လှမ်းခေါ်မိတော့ သခင်သည်နောက်ပြန်လှည့်ကြည့်လာ၏။
"ဘာလဲ အလင်းရဲ့"
"လင်းရဲ့ဆံပင်တွေလေ
သခင့်ဆံပင်နီးနီးတောင်ရှည်နေပြီ"သခင်သည်ဆံပင်ကို ခါးအောက်အထိသာအရှည်ထားသည်။ဒီထက်ပိုပြီး အရှည်မထားပါ။ရှည်လာရင်ပြန်ညှပ်ပစ်သည် ။
ကိုယ်လည်းသခင့်ကိုအားကျပြီးဆံပင်အရှည်ထားခဲ့တာ သခင့်ဆံပင်လောက်နီးနီးရှည်ခဲ့ပြီ။မိမိသည်သခင့်ထက်အရပ်ပုတာမို့ သခင့်ထက်ဆံပင်ရှည်တယ်ထင်ရပေမဲ့ အမှန်တကယ်တော့ သခင်လောက်မရှည်သေးပါ။"အွန်း..အလင်းက ဆံပင်ရှည်နဲ့ပိုပြီးလှတယ်"
"သခင် ..လင်းဒီနေ့ဆေးရုံလိုက်ချင်တယ်"
"ဘာလုပ်လိုက်မှာလဲ အလင်းရယ်...ကိုယ့်အိမ်မှာကိုယ်နားနေမယ်မဟုတ်ဘူး"
ဆေးရုံကိုတစ်ခါလိုက်ဖို့အရေး အာပေါက်အောင်ပြောရသည်။နောက်ဆုံးစိတ်ကောက်ဟန်ဆောင်မှသာ လိုက်ခိုင်းတတ်သည်။
"လင်းကိုမခေါ်ရင်..စိတ်ဆိုးမှာနော် သခင်"
"ကဲပါ လိုက်ခဲ့"
သခင်သည်ကိုယ့်ကိုတော့စိတ်ဆိုးမခံပါ။ချော့ရမှာပျင်းလို့ပဲလား၊မချော့တတ်လို့လာတော့မသိပါ။စိတ်ဆိုးဟန်ပြင်လိုက်ရင်ကို အလိုလိုက်တော့သည်။
"သခင် လင်းဒါလေးနဲ့လိုက်ရဲ့လား"
"တိုမနေဘူးလား"
သခင်သည် အင်္ကျီဂါဝန်အတိုလေးကို အလိုမကျစွာကြည့်ရင်းပြောသည်။
"မတိုပါဘူးသခင်ရဲ့"
မတိုဘူးဆိုပေမဲ့ ဒူးအထက်၃လက်မလောက်တော့ရောက်သည်။အတိုအပျက်မဝတ်တဲ့
သခင့်အတွက်တော့ထိုအနေအထားသည်မျက်စိနောက်စရာဖြစ်နိုင်သည်။"အလင်း အရင်ကဂျင်းဘောင်းဘီတွေပဲဝတ်တာမလား..အခုလည်းဘောင်းဘီရှည်ပဲဝတ်ခဲ့ပါလား"
"အဲ့ဒါအရင်တုန်းကလေသခင်ရဲ့..ဘောင်းဘီရှည်တွေဝတ်တယ်ဆိုတာ အရပ်ရှည်တယ်ထင်ရအောင်ဝတ်တာပါ...အခုတော့ဂါဝန်လေးတွေပဲဝတ်ပြီး သခင့်ကလေးလေးပဲလုပ်တော့မယ်"
YOU ARE READING
သခင် (Completed)
Romanceသခင်... ရက်စက်တဲ့သခင်... ဒဏ်ရာတွေပေးတဲ့သခင်... အမုန်းတွေသာပေးခဲ့တဲ့သခင်.... နှလုံးသားရဲ့သခင်...