အပိုင်း(၃၂)

7.7K 442 16
                                    

Unicode

သူသည် သခင့်ပေါင်ပေါ်တွင်ခေါင်းထားပြီးအိပ်ပျော်နေသည်။
သူ၏မျက်နှာပေါ်ကျနေတဲ့ ဆံပင်လေးတွေကို သခင့်လက်တွေနဲ့ ဖယ်ရှားပေးလိုက်သည်။မျက်နှာနုနုပေါ် လက်ကလေးနှင့်တို့ထိမိတော့ ရင်ခုန်မှုသည် လှိုက်ခနဲဖြစ်ရပြန်၏။ဘုရားစူးပါ၏။မောင်နဲ့တုန်းက မရခဲ့တဲ့ရင်ခုန်မှုတွေကဒီကလေးနဲ့မှစတင်ခဲ့ရတာပါ။

သူနှိုးသွားမှာစိုးလို့ ခြေတစ်ဖက်ကျဥ်နေတာကို‌တောင်မလှုပ်ရဲဖြစ်ရသည်။

သူ့မျက်နှာလေးငေးမိရင်းတစ်ချိန်တုန်းကမှတ်ဉာဏ်တွေဆီကို သခင်ခဏပြန်သွားမိလိုက်သည်။

"မေမေ..သမီး ဟိုကလေး‌ေလးဆီသွားဦးမယ်"

"အေးအေး သမီး..သိပ်တော့မကြာစေနဲ့နော်"

"အင်းပါ မေမေရဲ့ မကြာပါဘူး"

၂နှစ်သာသာပဲရှိသေးသည့်ကလေး‌ေလးဟာ ချစ်စရာကောင်းလှသည်။လက်ရွေးတတ်လွန်းသည့်ထိုကလေးသည် အဲ့ဒီအချိန်ကတည်းကသခင့်ကိုတော့ စိမ်းမနေခဲ့ပါ။သခင် ဘယ်အချိန်ခေါ်ခေါ် သခင့်ဆီကိုလိုက်သည်။

"သခင်"

ကလေးသံလေးနှင့်ခေါ်သည့်သူ့အသံ‌ေလးမှာချစ်စရာကောင်းလှသည်။သခင်ထိုအချိန်ကတည်းကမှတ်မိပါသည်။

"ထမင်းစားပြီးပြီလား"

"ပြီးပြီ"

"သခင် မီးမီးကိုချစ်လား"

သခင်နဲ့တွေ့တိုင်းထို့သို့မေးတတ်‌ေသးသည်။

"ချစ်တာပေါ့"

ငယ်ငယ်က သူ့ကိုယ်သူမီးမီးလို့သုံးတတ်သည်။အရွယ်ကလေးနည်းနည်းကြီးလာမှသာ 'လင်း'ဆိုပြီး သုံးလာခဲ့တာ။အခုတော့ သူ့ကိုယ်သူ ကျွန်မတဲ့လေ။

"ဦးဦးနဲ့ ဒေါ်ဒေါ်ပြောတာ..သခင်က မီးမီးကိုမချစ်ဘူးတဲ့"

"မေမေတို့က အလင်းကို စနေတာပါ ..မမက အလင်းကိုချစ်တာပေါ့"

"ဦးဦးတို့က မီးမီးကိုမချစ်လို့ပေါ့နော်"

"မဟုတ်ပါဘူး အလင်းလေးရယ် ဦးဦးတို့ကအလင်းလေးကိုချစ်တာပေါ့"

သခင် (Completed)Where stories live. Discover now