Unicode
ကျောင်းတစ်နှစ်နားလိုက်ရတာမို့ ဖူးမြတ်ရယ် မောင်ရယ်ကတော့ကျောင်းပြီးသွားခဲ့ကြသည်။နောက်ဆုံးနှစ်ကိုသူတို့မပါဘဲ တက်ရသည်မို့ ကိုယ့်အတွက်တော့သိပ်ကိုပျင်းစရာကောင်းခဲ့ပါသည်။သို့သော်လည်း ဒါတွေကအားလုံးပြီးဆုံးခဲ့ပါပြီ။
ကိုယ်လည်း ဒီနေ့နောက်ဆုံးရက်စာမေးပွဲဖြေပြီးခဲ့ပြီ။သခင်လည်းအိမ်ပြန်ရောက်သေးမှာမဟုတ်လို့ အိမ်ကိုလည်းမပြန်ချင်သေးပါ။
မမယုနဲ့လည်းမတွေ့ရတာကြာပြီမို့ မမယုတို့အိမ်ကိုအလည်သွားရန်ဆုံးဖြတ်ချက်ချလိုက်သည်။သခင်ကတော့ သူများအိမ်တွေလျှောက်လည်တာ သိပ်မကြိုက်ပါ။သို့သော် ဘာမှတော့အထွေထူးမပြောခဲ့။***
"ဖူးမြတ်..မမယုကဘာဖြစ်နေတာ"
မမယုမျက်နှာသည်မကြည်မသာဖြစ်နေသည်။အမြဲတမ်းစိတ်ရှုပ်မခံတဲ့သူက ဘာတွေစိတ်ရှုပ်စရာများရှိနေသလဲမသိပါ။
"ဒီတစ်ခါဆောင်းတွင်းကျရင်မယုက ငါ့အဖိုးနဲ့နယ်ဘက်ကိုလိုက်သွားရမှာ..အဲ့ဒါကြောင့်သူမလိုက်ချင်လိုဖြစ်နေတာလေ"
"ဆောင်းတွင်းကသိပ်မလိုတော့ဘူးနော်..ဒါနဲ့ မမယုကဘာလို့မသွားချင်ရတာလဲ"
"နင်မသိပါဘူးဟယ်..မမယုက ဇီဇာတအားကြောင်တာပါ...အခုလည်းနယ်ဘက်ဆိုတော့ သူမသွားချင်ဖြစ်နေတာနေမှာပေါ့"
"မမယုမသွားချင်ရင် အတင်းမလွှတ်ကြနဲ့လေ"
မမယုကိုဖူးမြတ်ထက်ပင်ပိုခင်ပါသည်။တစ်ခုခုဆို လူကြီးတစ်ယောက်ပီပီတွေးခေါ်တတ်လို့လည်း အထင်ကြီးရသလို လေးစားခဲ့ရသည်။
"အိမ်မှာ သူတစ်ယောက်ပဲအလုပ်မရှိအကိုင်မရှိဖြစ်နေတာ ..ဒါကြောင့်မို့အဖိုးလည်းအဖော်ရအောင်ခေါ်သွားမှာ"
"နင်တို့ကိစ္စတွေလည်းမသိတော့ပါဘူး...ငါကတော့ သူမလိုက်ချင်တဲ့ကိစ္စကိုအတင်းမထည့်သင့်ဘူးထင်တာပဲ"
"ထားလိုက်ပါ သူ့ဘာသာအဆင်ပြေသွားလိမ့်မယ်"
သူကသာအဆင်ပြေသွားလိမ့်မယ်ပြောနေပေမဲ့ မမယုကိုတော့သနားမိသည်။ကိုယ်ဆိုလည်း မသွားချင်တဲ့နေရာတစ်ခုကိုအတင်းသွားရရင်စိတ်ခုတတ်တာပဲမဟုတ်ပါလား။
YOU ARE READING
သခင် (Completed)
Romanceသခင်... ရက်စက်တဲ့သခင်... ဒဏ်ရာတွေပေးတဲ့သခင်... အမုန်းတွေသာပေးခဲ့တဲ့သခင်.... နှလုံးသားရဲ့သခင်...