အပိုင်း(၂၀)

6.7K 360 10
                                    

Unicode

အဖျားမပျောက်သေးသဖြင့်ဒီနေ့လည်းကျောင်းမသွားနိုင်ပါခဲ့ပါ။

ဖူးမြတ်နဲ့မောင်ကအခုညနေအိမ်လာမယ်လို့ဖုန်းဆက်ပြောထားသည်။
ဖူးမြတ်လာတာကိစ္စမရှိပေမဲ့ မောင်ရောပါလာမှာကိုတော့မနှစ်သက်ပါ။ မောင်ကကိုယ့်ကိုစိတ်ဝင်စားနေတာဖြစ်တဲ့အတွက် သခင်ရိပ်မိသွားမှာစိုးရိမ်မိပါသည်။

တွေးတောနေရင်းမောင့်ဆီမှဖုန်းဝင်လာသည်။

"ဟဲလို"

"လင်း ငါတို့နင့်အိမ်ရှေ့ရောက်ပြီ..တံခါးလာဖွင့်ပေးဦး"

"ဪ..အေးအေး...လာမယ်ခဏစောင့်"

"အင်းအင်း"

လူကလမ်းမလျှောက်ချင်ပေမဲ့ ကိုယ်မသွားလို့လည်းဖြစ်မှမဖြစ်တာပဲ။ဒီအိမ်မှာ သခင်နဲ့ကိုယ်နှစ်ယောက်ပဲရှိတာမလား။

"လာ..ဝင်လေမောင်"

ဖူးမြတ်က ဝင်လာပေမဲ့မောင်ကရပ်ကန်ရပ်ကန်လုပ်နေသည်။

"လင်း..ဒီအိမ်မှာ နင့်ရယ်မိန်းကလေးတစ်ယောက်ရယ်...နှစ်ယောက်တည်းနေတာလား"

"အေးလေ..ဘာလို့လဲ"

"ငါစိတ်မချလို့ပါ"

"ဟီး"

ဖူးမြတ်ဆီကရယ်သံကြောင့်မျက်စောင်းထိုးလိုက်သည်။

"ဘာမှစိတ်ချစရာမရှိဘူး..လာအိမ်ထဲဝင်ရအောင်"

"ဖူးမြတ် ငါ့ဖို့မုန့်ပါလား"

"နေမကောင်းတာတောင် မုန့်ကိုအမှတ်ရသေးတယ်နော်"

"နေမကောင်းလို့ပဲအမှတ်ရတာပေါ့"

ဖူးမြတ်ကတစ်ခါရောက်ဖူးပြီးသားမို့ အထူးအဆန်း‌တော့ဖြစ်မနေတော့ပေမဲ့ မောင်ကတော့ နေရာအနှံ့မျက်စိကစားနေသည်။

"လင်း ...နင်ကလည်းဖျားတာမှနှစ်ရက်ရှိသေးတယ်..ပိန်သွားလိုက်တာ"

မောင်သည်ပြောပြောဆိုဆို နှဖူးပေါ်လက်တင်လိုက်သည်။ထိုအချိန်မှာပဲ အပေါ်ထပ်မှသခင်ဆင်းလာတုန်းနှင့်ကျနေသည်။
ချက်ချင်းပူထူသွားပြီးမောင့်လက်ကိုပင်ဖယ်ပစ်ဖို့တွေးမိလိုက်သေး၏။သို့သော်ထို့သို့မလုပ်ဖြစ်လိုက်ပါ။

သခင် (Completed)Where stories live. Discover now