အပိုင်း(၃၀)

8.1K 412 11
                                    

Unicode

"သမီးလေး"

ဒါမိမိ၏အဖေမျာလား။ကိုယ့်ကိုသမီးလို့ခေါ်‌ေနခြင်းအရ။
မိမိသည်ဘာတစ်ခုမှကိုအမှတ်မရတော့ပါ။
နာမည်ကစလို့ အရာအားလုံးပဲ။

"ကျွန်မအဖေလား"

ကိုယ့်ရဲ့အဖေလို့ထင်ရတဲ့လူကြီးကိုမေးလိုက်သည်။

"ဟုတ်တယ်လေ သမီးလေးရဲ့..ဖေဖေကသမီးဖေဖေလေ"

"ဪ...တောင်းပန်ပါတယ်ဖေဖေ..ကျွန်မဘာမှမမှတ်မိတော့လို့...ကျွန်မနာမည်ကအစမမှတ်မိတော့တာ"

"လူနာရှင်တွေ အပြင်ခဏထွက်ပေးပါ....လူနာကိုစမ်းသပ်စရာလေးတွေရှိလို့ပါ"

အနားမှာ အလင်းဖေဖေတစ်ယောက်သာကျန်ခဲ့သည်။သခင်နဲ့အတူ လူနာလာမေးကြတဲ့သူတွေအားလုံးအပြင်ခဏထွက်ပေးကြရသည်။

အပြင်ဘက်ကနေလှမ်းကြည့်နေတာတော့ အလင်းကို ဘာတွေမေးနေကြသလဲမသိပါ။ အလင်းကလည်း ဘာမေးမေး ခေါင်းပဲရမ်းနေသည်။သူဘာတစ်ခုကိုမှမမှတ်မိတော့ဘူးထင်ပါရဲ့။

"မလွန်း....ရောင်စဉ်က ကျွန်မတို့ကိုမေ့သွားပြီထင်တယ်နော်"

"နောက်ကျရင်တော့ ပြန်ကောင်းလာမှာပါ...သူအကုန်လုံးကို မရက်စက်လောက်ပါဘူး"

ဟုတ်ပါရဲ့။ဒီကလေးက ရက်စက်တတ်တဲ့ကလေးမှမဟုတ်တာ။ဒီကလေးလေးက သိပ်ကိုလိမ္မာတာပါ။
အခုလိုပုံစံနဲ့တော့ တစ်သက်လုံးချန်ထားခဲ့မှာမဟုတ်ဘူး။

"သနားပါတယ်..လင်းလေးက စိတ်ထားကောင်းတဲ့ကလေး"

"ဟုတ်တယ်..အလင်းက စိတ်ထားကောင်းတဲ့ကလေးပါ..ကျွန်မကသာရက်စက်ခဲ့တာ..တစ်ခုတွေးမိတယ် သူသာအခုအတိတ်မမေ့ဘူးဆိုရင် ကျွန်မကိုမုန်းနေမလားမသိဘူး..သူ့အပေါ်စိတ်ဒဏ်ရာပေးခဲ့တာက နည်းမှမနည်းခဲ့ပဲ..သူခွင့်မလွှတ်လောက်ဘူး"

"သူ့အကြောင်းကို လွန်းကအသိဆုံးဖြစ်မှာပါ...သူ့မှာဘယ်သူ့ကိုခွင့်မလွှတ်ဘူးဆိုတဲ့ အတွေးမျိုးရှိမှာမဟုတ်ပါဘူး"

ဆရာဝန်တွေထွက်သွားကြတော့ သခင်တို့အားလုံးပြန်ဝင်လိုက်ကြသည်။

"အလင်း မမကိုမှတ်မိလားဟင်"

"ဘယ်သူလဲမသိဘူးရှင်..ကျွန်မ မမှတ်မိဘူး"

သခင် (Completed)Where stories live. Discover now