အပိုင်း(၂၂)

6.9K 385 8
                                    

Unicode

အတန်းချိန်တွေကလည်းပြီးကုန်ပြီ။
သို့သော် အိမ်ကိုတော့မပြန်ချင်ခဲ့ပါ။
အိမ်ရောက်ရင် သခင့်ကိုတွေ့ရမည်။
သခင့်ကို‌မြင်ရင် မိမိပဲခံစားရလိမ့်မည်။

"ဖူးမြတ်...ငါ အိမ်တန်းမပြန်ချင်လို့ နင်တို့အိမ်လိုက်ခဲ့ဦးမယ်"

"နင့်မမနဲ့တစ်ခုခုဖြစ်ထားလို့လား"

"အဲ့လိုတော့မဟုတ်ပါဘူး ဒီအတိုင်းအိမ်မပြန်ချင်သေးလို့ပါ"

"အေးပါ ဒါဆိုလည်း အိမ်လိုက်ခဲ့လေ"

"နင့်အိမ်မသွားခင် ငါနဲ့အဝတ်အစားဝယ်လိုက်ခဲ့ပါဦး"

"ဒါဆိုလည်း သွားမယ်လေ..အခုဝယ်မှာမလား"

"အင်း"

သခင်နဲ့စကားမပြောတာလည်း ၂ပတ်ရှိခဲ့ပြီ။အဲ့ဒီ၂ပတ်အတွင်း သခင်ဘက်ကလည်းစကားလာပြောခဲ့သလို ကိုယ့်ဘက်ကလည်းသွားမပြောခဲ့ပါ။တကယ်တော့ ကိုယ်တိုင်ကိုကသခင့်ကိုတမင်ရှောင်နေခဲ့ခြင်းဖြစ်သည်။

"ဒီစကပ်လေးကလှတယ်မလား"

ပေါင်လယ်‌ေလာက်သာရှိတဲ့အနက်ရောင်စကပ်တိုတိုလေးကို စိတ်ထဲသဘောတကျရှိမိသည်

"နင်ကဒီလောက်တိုတာ ဘယ်တုန်းကဝတ်ဖူးလို့လဲ"

"မဝတ်တာက မဝတ်ဖြစ်တာပါ..အခုဝတ်မလို့လေ...ငါနဲ့လိုက်ပါ့မလား"

ဂျင်းပွဘောင်းဘီတွေကိုသာ crop topနဲ့တွဲဝတ်လိုက်၊ ဒူး‌လောက်ဂါဝန်တို့ ဂါဝန်ရှည်တို့ကိုသာဝတ်နေကျဖြစ်တဲ့အတွက် ဒီလောက်ထိတိုတဲ့စကပ်က အထူးအဆန်းတော့ဖြစ်နေလိမ့်မည် ။

"နင်ကအသားဖြူတော့ ဘာဝတ်ဝတ်လိုက်တာပဲဟာ"

"အသားဖြူတိုင်းလိုက်မလားဟ..သူလိုက်ချင်မှလိုက်မှာပေါ့"

"လိုက်တယ် ငါသေချာပြောရဲတယ်..ဝယ်မှာမလား ဝယ်လိုက်"

"ငါလည်းဝယ်မလို့ပါ..ဒါလေးမေးတာကို စိတ်မရှည်သလိုနဲ့"

အဲ့ဒီသူငယ်ချင်းကလည်းတစ်ခါတလေကျဂျစ်ကန်ကန်လည်းနိုင်တတ်သေးသည်။စိတ်ကဖြင့်နည်းနည်းလေးမှမရှည်တတ်ပါ။ငယ်ငယ်ကဆို ခဏခဏရန်ဖြစ်ရသည်။

သခင် (Completed)Where stories live. Discover now