အပိုင်း(၂၇)

7.5K 439 29
                                    

Unicode

အိမ်ထဲဝင်လာလိုက်တော့ မမယုတို့က
ဖေဖေနှင့်စကားပြောနေကြသည်။မမယုရည်းစားလည်းပါလာသည်။မမယုကဘယ်သွားသွားသူ့ရည်းစားကိုခေါ်လေ့မရှိပါ။ဒီနေ့မှထူးထူးဆန်းဆန်းကိုယ့်အိမ်အထိပါခေါ်လာသည်။

"မမယု"

မိမိခေါ်လိုက်တော့၃ယောက်စလုံးကိုယ့်ဆီသို့အကြည့်ရောက်လာကြသည်။

"လာလေ လင်း"

ဖူးမြတ်ဘေးသို့ဝင်ထိုင်လိုက်သည်။

"ဖူးမြတ် ကိစ္စရှိလို့လား"

တိုးတိုး‌ေလးမေးလိုက်တာကိုမမယုကကြားသွားတယ်ထင်ရဲ့။

"ဒီနေ့မမယုမွေးနေ့လေ ဒါကြောင့်အပြင်မှာ မုန့်လိုက်ကျွေးချင်လို့"

"အာ...မမယုမွေးနေ့လား"

မွေးနေ့လို့ကြားလိုက်ပြီးကတည်းက လက်ဆောင်တစ်ခုကိုအလျှင်အမြန်စဉ်းစားနေရသည်။

"ဟုတ်တယ်လင်းလေး..အခုပဲသွား
ရအောင်လေ အဝတ်အစားလဲဦးမလား"

"မလဲတော့ဘူး မမယု..ခြေထောက်တော့ဆေးဦးမယ်နော်..ခဏလေးစောင့်ပါဦး"

"ရတယ်လေ လင်းရဲ့..သွားဆေးချည်"

"ဟုတ်မမယု...သွားဆေးလိုက်မယ်နော်"

အဝတ်အစားက သခင့်အိမ်သွားမှာမို့ အစကတည်းကလှလှပပဝတ်စားထားသည်။မျက်နှာမှာလည်း မိတ်ကပ်လိမ်းပြီးသား။အပင်တွေရေလောင်းထားတာမို့သာ ခြေထောက်လေးနည်းနည်းပေနေခြင်းဖြစ်သည်။

ခြေထောက်ဆေးပြီးပြန်ထွက်လာတော့ မမယုရည်းစားနဲ့ဖေဖေစကားတွေပြောနေကြသည်။မမယုရည်းစားကလူချောလူခန့်ပါပဲ။သို့သော် မမယုနဲ့‌ေတာ့လိုက်ဖက်တယ်လို့ ခံစားလို့မရပါ။ကိုယ်ပဲ မမယုကိုနှမြောမိနေလို့လားတော့မပြောတတ်ပါ။

"မမယု သွားရအောင်လေ"

"အင်းအင်း သွားမယ်..
မာန်သွားရအောင်လေ"

မမယုကသူ့ရည်းစားကိုမာန်ဟုပဲခေါ်သည်။

"သွားမယ်လေ"

ကားကကိုထက်မာန်ကားဖြစ်ဟန်တူသည်။
အရင်မမယုစီးနေကျကားလေးမဟုတ်ပါ။

သခင် (Completed)Where stories live. Discover now