Unicode
သူသည်အရေးပေါ်အခန်းထဲရောက်နေခဲ့ပြီ။အက်စီးဒင့်ဖြစ်ပြီးဆေးရုံပေါ်ရောက်ပြီးပြီးချင်းမှာ သူ့အဖေရယ် သခင့်ဖေဖေရယ်ကို အကြောင်းကြားသဖြင့်လိုက်လာကြသည်။
ဦးလေးကတော့ သူ့သမီးအတွက်ယူကြုံးမရဖြစ်နေရှာသည်။သခင်လည်း ဦးလေးနည်းတူပါပဲ။သခင့်ကြောင့်အခုလိုဖြစ်ခဲ့ရတာမဟုတ်လား။တကယ်ဆို ကားတိုက်ခံရတဲ့သူကသခင်ပဲဖြစ်ခဲ့သင့်တာ။အခုတော့ အရေးပေါ်အခန်းထဲမှာအသက်လုနေရတဲ့သူက သူဖြစ်နေသည်။
အရေးပေါ်အခန်းမှ ဆရာဝန်တွေသူနာပြုတွေတစ်ယောက်ပြီးတစ်ယောက်ေရးကြီးသုတ်ပျာဝင်ထွက်နေကြတာမြင်လေ ပိုပြီးစိုးရိမ်စိတ်ကြီးမားလေဖြစ်ကာသခင့်မှာ ရသမျှဘုရားစာတွေအကုန်နှုတ်ကနေတဖွဖွရွက်ကာ အသက်အန္တရယ်ကင်းဖို့သာဆုတောင်းနေရသည်။
'အသက်လေးပဲ ရှင်ပေးပါအလင်းရယ်..မမမင်းကိုအစွမ်းကုန်ချစ်ပေးမှာပါ...အရင်တုန်းကေပးခဲ့တဲ့နာကျင်မှုတွေအစားရော မမကကြင်နာပေးမှာမို့ ကလေးကပဲ အသက်ရှင်ပေးနော်'
"လူနာရှင်တွေနဲ့စကားပြောချင်လို့ပါ"
အခန်းထဲမှထွက်လာတဲ့ဆရာဝန်၏စကားကြောင့် သခင်မျက်ရည်ကြားမှမော့ကြည့်လိုက်သည်။
ဦးလေးသည်ဆရာဝန့်ဆီထသွားတော့ သခင်လည်း သွားလိုက်၏။ဆရာဝန့်ဆီကထွက်လာမဲ့စကားများကိုလည်း ရင်ထိတ်နေမိသည်။ထိုကလေးအခြေအနေသည်ဘယ်အထိဆိုးဝါးနေကြောင်းသခင့်မျက်စိနဲ့မြင်ခဲ့ရတာမဟုတ်လား။သူတစ်ခုခုဖြစ်သွားမှာ သိပ်ကိုကြောက်မိပါသည်။
"ကျွန်တော့်သမီးလေး ဘေးကင်းရဲ့လားဗျာ"
ဦးလေးသည်ငိုသံပါနေသည်။သခင်လည်းပါးပြင်ပေါ်ကမျက်ရည်များပင်မခြောက်သေးပါ။
"လူနာကစောင့်ကြည့်ရမဲ့အခြေမှာပါ..အများကြီးမျှော်လင့်ထားလို့တော့မရဘူး...ခေါင်းကတော်တော်ထိသွားတာပါ ..တကယ်လို့ပြန်ကောင်းခဲ့မယ်ဆိုရင်တောင်..အတိတ်ေမ့တာမျိုးပဲဖြစ်ဖြစ်...ဒါမှမဟုတ် သွပ်ချောင်ချောင်ပုံစံမျိုးဖြစ်သွားနိုင်ပါတယ်"
YOU ARE READING
သခင် (Completed)
Romanceသခင်... ရက်စက်တဲ့သခင်... ဒဏ်ရာတွေပေးတဲ့သခင်... အမုန်းတွေသာပေးခဲ့တဲ့သခင်.... နှလုံးသားရဲ့သခင်...