Unicode
"အား..."
ဆိုးရွားလှတဲ့အိပ်မက်ကြောင့်အိပ်ရာမှလန့်နိုးလာသည်။အချိန်က နေ့လည် ပဲရှိသေးသည်။ပျင်းပျင်းနဲ့ အိပ်လိုက်မိတာ တစ်ခါမှမမက်ဖူးခဲ့တဲ့အိပ်မက်တွေပါမက်နေခဲ့တာ။
အိပ်မက်ထဲမှာ သခင်ကကိုယ့်ကိုထားသွားတယ်ဆိုပြီးမက်ခဲ့ခြင်းကြောင့် အိပ်မက်ထဲမှကြောက်ရွံ့မှုကအပြင်ဘက်အထိပါ ပါလာခဲ့ပြီး လူတစ်ကိုယ်လုံးချွေးများထွက်ကာမောပန်းလျက်ရှိသည်။
အပြင်မှာသာတကယ်ဖြစ်ခဲ့ရင်တော့ ခံနိုင်ရည်မရှိတာသေချာပါသည်။တော်သေးတာက အိပ်မက်သက်သက်ပဲဖြစ်နေခြင်းကြောင့်သာ။စားပွဲပေါ်ကဖုန်းကိုအမြန်ယူကာသခင့်ဆီကိုဖုန်းခေါ်လိုက်သည်။ဒီအချိန်မှာ သခင့်ကိုလိုအပ်ပါသည်။သခင့်ဆီကနှစ်သိမ့်မဲ့စကားလေးတွေကိုလိုချင်ပါသည်။
"သခင်"
"အလင်းလေး.."
"သခင် ..အားရဲ့လားဟင်"
"အားတယ်ကလေး မမကိုပြောစရာရှိလို့လား"
"သခင်..လင်းလေ အိပ်မက်ဆိုးမက်တယ်..."
"ကလေး ငိုနေတာလား...မငိုရဘူးလေ..ဘယ်လိုအိပ်မက်လည်း မမကိုပြောပြနော်"
သခင့်အသံမှာစိုးရိမ်တဲ့အငွေ့အသက်တွေပါနေတာ ဖုန်းထဲကနေတောင်အလိုလိုခံစားမိသည်။ကိုယ်မက်တာ အိပ်မက်သက်သက်ပါ။တကယ်ဆို သခင်က ကိုယ့်ကိုသိပ်ချစ်တာလည်းသိသည်။ဒါပေမဲ့လည်း စိတ်ပူပန်မှုလေးတော့ရှိသေးသည်။
"သခင်က လင်းကိုထားခဲ့တယ်ဆိုပြီးမက်တာသခင်..သိပ်ကြောက်တာပဲ"
"ဘာမှမဟုတ်တာကိုကလေးရယ်..မမက အလင်းကိုထားခဲ့စရာလား"
"သိပါတယ်သခင်ရဲ့..ဒါပေမဲ့ ကျွန်မဝမ်းနည်းလို့ကို"
"ဘာမှမဖြစ်ဘူးနော် အလင်း စိတ်ကိုအေးအေးထား..မမအခုချက်ချင်းပြန်လာခဲ့မယ်"
သခင့်ဘက်မှချက်ချင်းဖုန်းချသွားခဲ့ပြီ။ပြန်ဆက်ပေမဲ့မကိုင်ပါ။ပြန်မလာဖို့ပြောဖို့ဆက်ပေမဲ့ သခင်မှဖုန်းမကိုင်တော့ဘာမှလုပ်လို့မရ။တကယ်တော့ ကိုယ်မှားသွားတာပါ။သခင့်ကိုမပြောဘဲထားလည်းရတာကို သက်သက်မဲ့ သခင့်ကိုစိတ်ပူအောင်လုပ်မိတာ။
YOU ARE READING
သခင် (Completed)
Romanceသခင်... ရက်စက်တဲ့သခင်... ဒဏ်ရာတွေပေးတဲ့သခင်... အမုန်းတွေသာပေးခဲ့တဲ့သခင်.... နှလုံးသားရဲ့သခင်...