Unicode
သခင်ကလူတစ်ယောက်နဲ့မိတ်ဆက်ပေးမယ်ဆိုလို့ ဘယ်သူများလဲဆိုပြီးရင်ခုန်နေမိသည်။ ရင်ခုန်မိတာအဆန်းတော့မဟုတ်ပါ။ သခင်ဘက်မှအခုလိုမျိုးတစ်စုံတစ်ယောက်နဲ့မိတ်ဆက်ပေးတာမျိုးဟာ ဒါပထမဆုံးဖြစ်ခြင်းကြောင့်ဖြစ်သည်။
"သခင် လင်းကိုဘယ်သူနဲ့မိတ်ဆက်ပေးမှာလဲဟင်...ဘာလုပ်ဖို့လဲ"
သခင်သည် အဓိပ္ပာယ်ပါဟန်အကြည့်မျိုးဖြင့်တစ်ချက်ကြည့်သည်။
"ပြီးကျရင် သိမှာပဲဟာ"
သခင်သည်ထပ်ပြီး အဓိပ္ပာယ်ပါပါပြုံး
ပြန်သည်။သခင့်ရဲ့အပြုံးတွေကိုနှစ်သက်မိပါသည်။။ကြည့်ချင်မိသည်။သို့သော် အခုလိုမျိုး မနှစ်မြို့ဖွယ်အပြုံးမျိုးတော့မဟုတ်ခဲ့ပါ။"ပြီးပြီမလား သွားရအောင်"
"ဟုတ်ကဲ့"
သခင့်ကိုကားတစ်စီးဝယ်ပေးချင်မိသည်။သို့သော် မာနကြီးလွန်းတဲ့သခင်ကယူလိမ့်မယ်မဟုတ်ပါ။
ငယ်ငယ်တုန်းက သခင့်ကို ခေါင်းစည်းကွင်းအပြာလေး လက်ဆောင်ပေးခဲ့ဖူးသည်။
ဘာမှတန်ဖိုးမကြီးတဲ့ လက်ဆောင်ကလေးကိုပင်သခင်သည်ခါးခါးသီးသီးငြင်းဆန်ခဲ့သည်။အဲ့ဒီနောက်ပိုင်းကတည်းကသခင့်ကို ဘာမှမပေးရဲတော့ပါ။သခင်ဆေးကျောင်းတက်တာလည်းဖေဖေ့ရဲ့ထောက်ပံ့မှုတွေဆိုပေမဲ့ သခင်ဘက်ကလွယ်လွယ်လက်ခံခဲ့တာတော့မဟုတ်ပါ။
သခင့်ဖေဖေကို အတင်းအကြပ်ပြောခိုင်းပြီးမှသာ သခင်ကလက်ခံခဲ့သည်။သခင်သည် ငယ်ငယ်ကတည်းက ကြီးလာရင်ဆရာဝန်တစ်ယောက်ဖြစ်ချင်ကြောင်း သခင့်ဖေဖေကိုအမြဲပြောတတ်သည်။သို့သော် တကယ်တမ်း ဆေးကျောင်းတက်ဖို့အမှတ်မီပြန်တော့ ငွေကြေးကိုငဲ့ကာ သခင်သည်လက်လျှော့ခဲ့သည်။
သခင်ကဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့တာဆိုရင် အဲ့ဒီဆရာဝန်မလေးကိုငေးကြည့်ချင်ခဲ့တာ ကိုယ်ဖြစ်နေခဲ့သည်။
သခင့်ကိုဆရာဝန်တစ်ယောက်အနေနဲ့ မြင်ချင်ခဲ့သည်။ အဲ့ဒီအတွက် သခင့်ကိုထောက်ပံ့ပေးဖို့ကိုယ်တိုင်ဖေဖေ့ကိုပြောခဲ့သည်။
YOU ARE READING
သခင် (Completed)
Romanceသခင်... ရက်စက်တဲ့သခင်... ဒဏ်ရာတွေပေးတဲ့သခင်... အမုန်းတွေသာပေးခဲ့တဲ့သခင်.... နှလုံးသားရဲ့သခင်...