အပိုင်း(၁၂)

6.3K 357 4
                                    

Unicode

"အပင်လေးတွေက လှသားပဲ"

မှာထားတဲ့ပန်းပင်တွေကမနက်ကတည်းကရောက်နှင့်နေသော်လည်း အတန်းသွားရသေးသဖြင့် အခုညနေမှစိုက်ဖြစ်သည်။
အပင်အားလုံးပေါင်း၇ပင်ရှိသည်။
သခင့်အတွက်တော့ဘယ်လိုနေမယ်မသိပေမဲ့ မိမိမှာတော့သခင့်အတွက်ရည်ရွယ်ပြီးစိုက်နေတာမို့ပျော်နေမိသည်။

ပန်းအိုးခင်းထဲသို့ထည့်ပြီးစိုက်တာထက်မြေကြီးမှာတူးစိုက်ရင်ပိုပြီးဖြစ်ထွန်းမယ်လို့ယူဆမိတာကြောင့် ပန်းအိုးခင်းဖြင့်မစိုက်ပါ။
ခပ်မာမာ‌မြေကြီးကိုတူးရွင်းအ‌သေးလေးဖြင့်တူးနေရသဖြင့် လက်တွေလည်းအတော်ပင်နာကျင်လာသည်။တစ်ချို့နေရာဆိုပေါက်ပြဲကာ အရေကြည်ဖုလေးများထွက်ပေါ်နေသည်။

"၃ပင်တောင်ကျန်သေးတယ်"

ကိုယ့်ဘာသာတစ်ကိုယ်တည်းရေရွတ်လိုက်သည်။

ခြေသံကြားသဖြင့်လှည့်ကြည့်လိုက်တော့ မမဇွန်။သူလည်းကျောင်းကပြန်လာခါစထင်သည်။

"ပန်းပင်စိုက်နေတာလား နွယ်ကလေး"

"ဟုတ် မမဇွန်"

"အများကြီးကျန်သေးတာပဲ မမဇွန်ကူစိုက်ပေးမယ်"

"ရပါတယ်မမဇွန် လင်းဘာသာပဲစိုက်လိုက်မယ်"

"ကဲပါ အားနာစရာမဟုတ်တာကို...မမဇွန်တူးပေးမယ်..လက်ကလည်းနီရဲနေတာကို"

လက်ကနာသဖြင့်ခဏခဏခါနေရသည်။
ဒါကိုမမဇွန်မြင်သွားသည်။

"ဟို..ရတယ်မမဇွန်..ဒီပန်းပင်တွေက ညမွှေးပန်းပင်တွေလေ ...သခင်က ညမွှေးပန်းဆိုသိပ်ကြိုက်တာ.. အဲ့ဒါကြောင့်သခင့်အတွက်စိုက်နေတာ"

"ချစ်တတ်လိုက်တာနော်"

မမဇွန်စကားကြောင့်ရှက်စိတ်တော့ဝင်မိသား။ဒါပေမဲ့မသိဟန်ဆောင်ကာ မြေကြီးကိုဆက်တူးနေလိုက်သည်။

"အ"

လက်ကတော်တော်ကိုပူထူနေပြီ ။

"ကဲ ပေးပါ လက်ကနာနေပြီကို"

မမဇွန်ကလက်ကိုယူကာ ဖြန့်ကြည့်သည်။

"အို..ရဲတွတ်နေတာပဲ..ပေးပါ ..နွယ်ကလေးရယ် မမဇွန်တူးပေးပါ့မယ်"

သခင် (Completed)Where stories live. Discover now