အပိုင်း (၃)

1K 24 0
                                    

သတိုးအိမ်ပြန်ရောက်တော့ ခဏနားရေချိုးပြီး အိပ်ယာပေါ် ခဏလဲနေမိသည်။

"ဒေါက်....ဒေါက်...."

"သားရေ....ညစာ စားကြရအောင်"

"ဟုတ်မာမီ...သား ဆင်းလာခဲ့မယ်...."

"မြန်မြန်လာနော် သား...."

"ဟုတ်.....မာမီ"

"လာ...သား...မာမီက ငါ့သားလေးကြိုက်တာတွေကြီးပဲ ချက်ထားတာ"

"............................"

"ဒါက သားကြိုက်တဲ့ ပုဇွန်ထုပ်ဆီပြန်လေး၊ ဒါကဝက်ချိုချဉ်လေး၊ ဒါကလေးက ငါးကို ပဲဆီလေးနဲ့ လိမ့်ပြီးကြော်ထားတာ"

"သစ္စာတို့များ သားပြန်လာထဲက ထမင်းအတူစားတိုင်း ကိုယ့်ကို သတိမရတော့ဘူး" အဲတော့မှာ မာမီက ဒယ်ဒီ ပန်းကန်ထဲ ဟင်းထည့်ပေးဖို့သတိရသည်။

"ဒါက အကိုကြိုက်တတ်တဲ့ ဆိတ်သားနှပ်လေး" ‌အခုမှ ဒယ်ဒီကပြုံးတော့သည်။

"ဟွန့်....."

"ဘာတွေသဘောကျနေတာလဲ သား"

"အော်....ဒယ်ဒီ နဲ့ မာမီက အခုချိန်ထိ ချစ်နေနိုင်ကြသေးတာကို သဘောကျလို့ပါ"

"သဘောကျတာလား....အားကျတာလား...သား"

".............."

"အားကျရင်တော့ ရှာလိုက်တော့နော် သား"

"ဒယ်ဒီကလည်းဗျာ"

"ဒယ်ဒီကလည်းမနေနဲ့ သား မာမီတို့က သားအိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဝင်မစွပ်ဖက်ပဲ သားစိတ်တိုင်းကျ ပေးရွေးချယ်ထားတာ အခုထိ သားက သားစိတ်ကြိုက်မတွေ့သေးဘူး"

"............................."

"မာမီတို့ မသေခင် သားကို မိကောင်းဖခင် သမီးလေးတစ်ယောက် နဲ့ အဆင်ပြေပြေရှိနေတာကို တွေ့သွားချင်တယ် သား"

"သားနားလည်ပါတယ် မာမီ၊ သားက သားကိုချစ်တဲ့ မိန်းကလေးမျိုးပဲ လိုချင်တာ၊ အဲလို မဟုတ်ပဲ သားနောက်က စည်းစိမ်တွေကို မက်မောတဲ့ မိန်းကလေးမျိုးနဲ့တော့ သား အိမ်ထောင်မပြုချင်ဘူး"

"ငါ့သားက ဒါဆို အိမ်ထောင်ပြုချင်တဲ့စိတ်တော့ရှိသေးတာပဲ ဒယ်ဒီက သားကို အိမ်ထောင်မပြုချင်ဘူး ထင်နေတာ"

New Age Love Story (ခေတ်သစ် ချစ်ပုံပြင်)Where stories live. Discover now