အပိုင်း (၁၂)

738 24 0
                                    

"နင်ဘယ်လိုလုပ်လိုက်တာလဲ လှအိုးကွဲစိန်မ" စိမ်းအသံကြောင့်မွေးနေ့ပွဲ လူတွေ သူမတို့ထံ အကြည့်တွေရောက်လာခဲ့ကြသည်။

"Sorry ပါ ငါခြေချောသွားလို့ မတော်တဆဖြစ်သွားတာပါ" နှင်း Dress အပေါ်ကို ဇာခြည်သိမ့် အချိုရည်တွေ တမင်မှောက်အောင်လုပ်တာလိုက်ဖြစ်သည်။

"ထားလိုက်ပါတော့ စိမ်းရယ် သူလည် မတော်တဆ ဖြစ်သွားတာပဲကို"

"............................"

"ငါ့ Dress လည်းစိုကုန်ပြီဆို‌တော့...ငါတို့ ပြန်ကြရအောင်..." ဆက်နေရင် ရန်ပွဲဖြစ်တော့မယ်ဆိုတာ နှင်းသိနေသည်။

"ဒါဆိုလည်း...ပြန်ကြမယ်...."

"မနရီ ညီမတို့ပြန်လိုက်ပါဦးမယ်"

"အင်း..အင်း..ညီမလေးတို့" နှင်းတို့ (၃) ‌ယောက်အရင်ထသွားကြသည်။ အအေးမှောက်ချလိုက်ရုံနဲ့ မကျေနပ်နိုင်သေးတဲ့ ဇာခြည်သိမ့်က ခြယ်ရဲ့ Dress Zip (ဇစ်) ကိုလှမ်းဆွဲဖြုတ်မလို့အလုပ် နောက်ကနေလိုက်လာတဲ့ စိမ်းကတွေ့ပြီး ဇာခြည်သိမ့်ကို ပါးရိုက်လိုက်သည်။

"ဖြန်း...."

"နင်ကများ ငါ့သူငယ်ချင်းကို..." ယမင်းကလက်ပြန်ရွယ်ရုံရှိသေး

"ဖြန်း...."

"........................." Birthday Party တစ်ခုလုံးတိတ်ဆိတ်သွားသည်။

"ဟိုနှစ်ယောက် ပါးရိုက်ခံချင်ရင်လာခဲ့ကြလေ"

"........................." ရန်ပွဲကို လူတွေအကုန်စိတ်ဝင်တစားကြည့်နေကြသည်။

"ဘာလဲ မတော်တဆဆိုပြီး ခြယ်...ဇစ်ကို လှမ်းဆွဲဖြုတ်ဦးမလို့လား" အဲ့တော့မှာ ခြယ်တို့လည်းသိသွားသည်။

"နင်ငါ့ကို လာစွပ်စွဲမနေနဲ့....ငါလုပ်တာနင်တွေ့လို့လား"

"နင်ကလုပ်ချင်နေတာပဲသိတော့ အနောက်မှာ ငါလာနေတာ မသိလိုက်ဘူး မဟုတ်လား"

"........................."

"လှအိုးကွဲစိန်မ... နင့်ကို...ငါအရင်ထဲကပြောထားဖူးတယ် ငါ့လက်ကပါးမရွေးဘူးလို့"

"........................."

"နင်တို့အုပ်စု ငါတို့ကို တမင်လုပ်တယ်ဆိုတာ ငါတို့ သိတယ် ဒါပေမယ့် သူများမွေးနေ့ပွဲမို့ ငါတို့က သီးခံပြီး ပြန်မလို့လုပ်နေတာကို နင်ကထပ်ပြီး ခြယ်...ဇစ်ကိုလှမ်းဆွဲဖြုတ်မလို့ ကြံလိုက်သေးတယ်ပေါ့လေ"

New Age Love Story (ခေတ်သစ် ချစ်ပုံပြင်)Where stories live. Discover now