အပိုင်း (၁၆)

704 26 0
                                    

"ကိုရှိုင်း နှင်းကို အေးဆေး ဘာပြောစရာရှိလို့လဲ" ရှိုင်းတစ်ယောက်ရင်တွေအရမ်းခုန်နေပြီး

"အကို...နှင်းကို...ချစ်တယ်..."

"ရှင်....."

"နှင်းလည်းရိပ်မိမယ်လို့ အကိုထင်တယ်..အကို နှင်းကို သဘောကျနေတယ်ဆိုတာကို..."

"................................."

"အကို နှင်းကို သဘောကျနေတာကြာပြီ..."

"နှင်းတို့က ကျောင်း Gala Party မှာမှ ပထဦးဆုံးဆုံဖူးတာလေ ကိုရှိုင်း"

"နှင်းအတွက်ကတော့ဟုတ်တယ်၊ အကိုအတွက်ကတော့ မဟုတ်ဘူး"

"အကို အတွက်ကဘာကို မဟုတ်တာလဲ ကိုရှိုင်း"

"နု ပန်းဆိုင်မှာပဲ နှင်းကို အကို ပထမဦးဆုံး စတွေ့ဖူးခဲ့တာ"

"..........................."

"ပြီးခဲ့တဲ့နှစ်, ဒီဇင်ဘာလ၊ (၃)ရက်နေ့၊ စနေနေ့ မှာ နှင်း..."နု ပန်းဆိုင်မှာ" နှင်းပန်းလာယူတဲ့နေ့ထဲက အကို...နှင်းကို စတွေ့ပြီး အကိုသဘောကျခဲ့တာ"

"..........................." နှင်း အရမ်းအံ့ဩမိသွားသည်။

"အကို တစ်ခုခု ပြန်ပြောဦးလေ နှင်း"

"နှင်း မှာဘာမှပြန်ပြောစရာမရှိဘူး ကိုရှိုင်း"

"အကိုမှာ နှင်းသဘောမကျတဲ့ အချက်တွေရှိလို့လား၊ ဒါမှမဟုတ် အကို နဲ့ နှင်းအသက်အရမ်းကွာနေလို့လား"

"အဲ့လိုမဟုတ်ပါဘူး...ကိုရှိုင်းက အရာရာပြည့်စုံတဲ့လူတစ်ယောက်ပါ"

"ဒါဆို ဘာဖြစ်လို့လဲ နှင်း..."

"အခု နှင်းမှာ ကိုရှိုင်းကို အဖြေပြန်ပေးစရာမရှိသေးဘူး..."

"ဒါဆို အကိုကို စဉ်တော့ စဥ်စားပေးမယ် မဟုတ်လား နှင်း"

"အင်း..."

"ဒါဆို နှင်းအေးဆေး စဉ်စားပါ အကို နှင်း ပေးမယ့် အဖြေကို စောင့်နေပါမယ်"

"ကိုရှိုင်း ပြောချင်တာ ဒါပဲမဟုတ်ဘူးလား...ဒါဆိုရင် နှင်းတို့ပြန်ကြရအောင်..."

"အင်း...အကို ပြန်လိုက်ပို့ပေးရမလား..နှင်း"

"ရတယ် ကိုရှိုင်း နှင်းဘာသာပြန်လို့အဆင်ပြေတယ်"

New Age Love Story (ခေတ်သစ် ချစ်ပုံပြင်)Where stories live. Discover now