အပိုင်း (၃၃)

600 26 1
                                    

အဖေတွေအတွက် ဝိုင်ဝယ်ဖို့ ဝိုင်‌အရသာတွေမြည်းပြီး မူးချင်နေကြတဲ့ (၄) ယောက်ကိုကြည့်ပြီး ရှိုန်းတို့မှာ ရီချင်စိတ်ကိုမနည်းထိန်းထားရသည်။

"သတိုး ဒီပုံစံအတိုင်းဆို ငါတို့ Camp Site ရောက်တာနဲ့ပြန်မှထင်တယ်...."

"အေး...ငါလည်း အဲ့လို စဉ်စားထားတယ်.."

ခြယ်တို့ကတော့ မူးနေတာကို မနည်းထိန်းပြီး မေမေတို့ အတွက်လက်ဆောင်ဝယ်နေရသည်။ Camping Site ရောက်တာနဲ့ သတိုးတို့ ပြန်ဖို့ ပစ္စည်းတွေ သိမ်းနေကြသည်။ မူးနေကြတဲ့ ခြယ်တို့ (၄) ယောက်ကိုတော့ ကားပေါ်မှာပဲ ပေးအိပ်ထားလိုက်သည်။ ပစ္စည်းတွေသိမ်းပြီးတာနဲ့ တန်းပြီးပြန်လာကြသည်။ ယမင်းတို့ Camping Site ရောက်ခါနီး အထဲကထွက်လာတဲ့ကားကို မြင်ပြီး...

"ဟို...ကားက ကိုရှိုင်းကား မဟုတ်ဘူးလား..."

"ဟုတ်တယ်...ဟိုဟာက ကိုလီယိုကား..." ကားကိုတွေ့လိုက်ပေမယ့် ကားတွေကတော့ အဝေးကိုရောက်သွားပြီဖြစ်သည်။

"ကိုရှိန်းတို့ ဒီကို camping လာသွားကြတာထင်တယ်"

"ဖြစ်လောက်တယ်...."

"ငါမနေ့ထဲက Camping Site သိခဲ့ရင် တော်တော်ကောင်းမှာပဲ အခုတော့ ကိုရှိန်းတို့လွှဲသွားပြီ..."

ရှိုင်း မူးပြီးအိပ်ပျော်နေတဲ့ နှင်းကိုကြည့်ပြီး...

"အဖေအတွက် ဝိုင်ဝယ်တာ မူးပြီးအိပ်ပျော်သွားရတယ်လို့ကွာ..."
_______________________________________

ခြယ်နိုးလာ ဘေးနားမှာ စိမ်းအိပ်နေတာကိုတွေ့လိုက်ရသည်။ ဝိုင်သောက်ပြီး တော်တော်မူးသွားတာ ကို ခြယ်သတိရသွားသည်။ သူတို့ မူးသွားကြလို့ ကိုတို့ ပြန်လာကြတာဖြစ်မည်ဟု စိတ်ထဲထင်လိုက်သည်။ အချိန်ကြည့်လိုက်တော့ ညနေစောင်းနေပြီမို့....

"စိမ်း...စိမ်း...ထတော့ ညနေစောင်းနေပြီ..." စိမ်းလည်း ခြယ်အသံကြားပြီး အိပ်ချင်မူးတူးနဲ့ ထထိုင်လိုက်သည်။

"ငါတို့ ဘယ်လိုလုပ်ပြီး ပြန်ရောက်လာကြတာလဲ"

"ငါတို့ မူးသွားတော့ ကိုတို့ ပြန်လာလိုက်တာထင်တယ်..."

"ငါတို့လည်းနော် သူတို့ရှေ့မှာမှ မူးရတယ်လို့...အလကားသောက်ရတိုင်းစွတ်သောက်တာ အခုတော့ အရှက်ကွဲပါပြီ..." စိမ်းပြောမှခြယ်လည်း အရှက်ကွဲပါပြီဟုတွေးမိသည်။

New Age Love Story (ခေတ်သစ် ချစ်ပုံပြင်)Where stories live. Discover now