အပိုင်း (၁၇)

723 25 0
                                    

စိမ်းတစ်ယောက်အိမ်အတွက်လိုတာလေး ဝယ်ပြီးတော့ Group Chat ထဲ Pizza (ပီဇာ) ဝယ်လာဖို့ပြောထားတဲ့ သွယ်ကြောင့် Pizza (ပီဇာ) ဝယ်ဖို့ဦးတည်လိုက်တော့သည်။

"စိမ်း..."

"အော်..ကိုရှိန်းပါလား"

"ဘာလာဝယ်တာလဲ..."

"အိမ်အတွက်လိုတာလေးတွေလာဝယ်တာ ကိုရှိန်းရော ဘာလာဝယ်တာလဲ"

"အကိုလည်း အိမ်အတွက်လိုတာလေးတွေလာဝယ်တာပဲ စိမ်း..."

"ဒါဆို စိမ်းသွားလိုက်ဦးမယ်နော်"

"စိမ်းက ပြန်တော့မလို့လား"

"မပြန်သေးဘူး ကိုရှိန်း...သွယ်မှာလိုက်တဲ့ Pizza (ပီဇာ) သွားဝယ်မလို့"

"ဒါဆို အကိုတို့လည်း တစ်ခုခုစားရင်း စကားခဏလောက်ပြောလို့ရမလား စိမ်း"

"ရပါတယ်...ကိုရှိန်း....အရင်ဆုံး စိမ်း Pizza (ပီဇာ) သွားမှာလိုက်ဦးမယ်"

"Ok...စိမ်း..." စိမ်း Pizza (ပီဇာ) ဆိုင်မှာ Pizza (ပီဇာ) မှာပြီးပြန်ထွက်လာခဲ့သည်။ နှင်းပြောထားလို့ စိမ်း သူကိုလည်း ကိုရှိန်း
ဖွင့်‌ပြောတော့နိုင်တယ်ဆိုတာကို ရိပ်မိလိုက်သည်။

"စိမ်း...ဘာစားမလဲ"

"အအေးပဲ သောက်တော့မယ် ကိုရှိန်း"

"ဒါဆို 'U Cup' ပဲ သွားကြမလား စိမ်း"

"ကောင်းသားပဲ ကိုရှိန်း" ဒီလိုနဲ့ ဆိုင်ရောက်လာကြသည်။

"စိမ်း ဘာသောက်မလဲ..."

"နာနတ်သီးဖျော်ရည် ကိုရှိန်း"

"ဖျော်ရည်တစ်မျိုးပဲလား ကိတ်တွေ ဘာတွမစားတော့ဘူးလား"

"မစားတော့ဘူး ကိုရှိန်း"

"ဒါဆို အကိုမှာလိုက်မယ် စိမ်း...ဟိုအထဲဘက်နားက ဝိုင်းမှာသွားထိုင်နေလိုက်လေ" စိမ်းလည်း ရှိန်းပြောတဲ့ ဝိုင်းမှာသွားထိုင်လိုက်သည်။ခဏနေတော့ ရှိန်းလည်းရောက်လာခဲ့သည်။

"ကိုရှိန်းက ဘာမှာခဲ့လဲ..."

"အကိုက ပန်းသီးဖျော်ရည်မှာခဲ့တယ် စိမ်း"

"အင်း..."

"စိမ်းက အမြဲအိမ်အတွက်လိုအပ်တာတွေလာဝယ်နေကြလား"

New Age Love Story (ခေတ်သစ် ချစ်ပုံပြင်)Where stories live. Discover now