အပိုင်း (၆)

963 27 0
                                    

"ဟိတ်ယျောင့်ဟို (၄) ယောက်အုပ်စုတွေ့လား"

"ဘယ် (၄) ယောက်အုပ်စုလဲ"

"ဟိုမြန်မာဝတ်စုံနဲ့ လေးယောက်လေ...."

"ဘာဖြစ်လို့လဲ....."

"အဲဒီ (၄) ယောက်ထဲက တစ်ယောက်ကို မင်းလိုက်နိုင်မလား"

"ဟိတ်ယျောင့်တွေ ငါ့ရာဇဝင်မှာ မဖြစ်ဘူးဆိုတာ မရှိဘူး"

"ဒါဆိုရင် မင်းကြိုက်တဲ့တစ်ယောက်ကို လိုက်ကြည့်"

"လိုက်လို့ရရင်က ငါ့ကဘာပြန်ရမှာလဲ...."

"မင်းကြိုက်တာတောင်းကွာ....."

"Ok....." သွယ်တို့အုပ်စုဘက်ကို ထွက်လာလိုက်သည်။

သတိုးတို့ ကျောင်းရောက်တော့ ကားပေါ်ကဆင်းရုံရှိသေး ပွဲကပြီးလို့ ကျောင်းသား/သူ တွေပြန်နေကြပြီ ဖြစ်သည်။

"ငါမင်းတို့ကို မပြောဖူးလား ငါတို့လည်းရောက် ပွဲလည်း ပြီးဖြစ်နေမယ်လို့"

"................................"

ပွဲပြီး၍ပြန်နေကြချိန်မှာ လူတစ်ယောက်က သွယ်လက်ကို လာဆွဲတော့လန့်သွားသည်။

"ဒီမှာ ရှင်ဘာလုပ်တာလဲ...."

"စကားနည်းနည်းလောက်ပြောချင်လို့ပါ"

"ပြောချင်ရင် အေးဆေးပြောလို့ရတယ် လက်ကိုလွတ်"

"ကျမတို့ သူငယ်ချင်း လက်ကိုအရင်လွတ်လိုက်ပါ"

"ဒီလိုလေးပဲ ပြောချင်တာ မလွတ်ချင်ဘူး" လူတွေကလည်း သူမတို့အုပ်စုကို ဝိုင်းကြည့်လာကြသည်။

"ဟိုမှာဘာဖြစ်နေကြတာလဲ ဆရာမကြီး" ‌The Sun Group ဥက္ကဌ ဦးနေရောင်က တွေ့သွားသည်။ ဒေါ်မေသစ္စာလည်း ကြည့်လိုက်တော့ သားတို့ဓာတ်ပုံထဲက ကောင်မလေးအုပ်စု ပြဿနာ ဖြစ်နေကြသည်။ သတိုးတို့လည်း လူတွေအုံနေလို့ အနားကိုရောက်လာကြသည်။

"ရှင့်ကို လက်လွတ်လိုက်လို့ပြောနေတယ်နော်"

"မလွတ်ချင်ဘူးကွာ" ခြယ်တစ်ယောက်စိတ်တွေတိုလာသည်။

"ဖြန်း....အဲဒါမလွတ်ချင်ဦး"

"ဟယ်..."

"ဟား...." လူတွေအကုန် ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။ ခြယ်ရိုက်လိုက်တဲ့လူက သူမတို့ကျောင်းရဲ့ ဒိတ်ဒိတ်ကြဲ သူဌေးသား တစ်ယောက်ဖြစ်သည်။ ရုပ်ရည်လည်းရှိသလို ရည်စားလည်းအထည်အလဲ တွဲသည့်သူဖြစ်သည်။ ပိုက်ဆံရှိတော့ မိန်းကလေးတွေကလည်း သဘောကျကြသည်။

New Age Love Story (ခေတ်သစ် ချစ်ပုံပြင်)Where stories live. Discover now