အပိုင်း (၁၈)

692 20 0
                                    

"စိမ်း ခုနက အကိုတို့ရိုက်ခဲ့တဲ့ပုံကို အကို့ Instagram မှာတင်လို့ရလား" စိမ်း...ခြယ်တို့ကို လှမ်းကြည့်လိုက်တော့ ခေါင်းငြိမ့်ပြကြသည်။

"ရတယ် ကိုရှိန်း"

"အကို စိမ်းတို့ကို Tag လိုက်မယ်နော်...."

"အင်း..." သွယ်က

"လှတဲ့ ပုံလေးတင်နော် ကိုရှိန်း တင်ရင်"

"လူတွေကအားလုံးလှကြတော့ ပုံတွေအားလုံးက လှမှာပါ"

"ဒါဆို စိမ်းတို့ အထဲဝင်တော့မယ် ကိုရှိန်း"

"အင်း...စိမ်း..."

စိမ်းတို့လည်းအိမ်ထဲဝင်လာလိုက်ကြသည်။ ရှိန်းကားပေါ်ရောက်တာ နဲ့ Tennis 🎾 ဆိုပြီး စိမ်းတို့လေးယောက်ကို Tag ပြီးပုံတင်လိုက်သည်။ သတိုး၊ ရှိုင်း၊ လီယို တို့ဖုန်းသုံးနေရင်း ရှိန်းတင်ထားတဲ့ ပုံကိုတွေ့ပြီး....

"ငရှိန်း...ဒီကောင်တော့..." ရှိန်းကားမောင်းနေတုန်းသတိုး ဖုန်းဝင်လာခဲ့သည်။

"သတိုးပြော ဘာကိစ္စလဲ"

"မင်းအခုဘယ်မှာလဲ..."

"ငါအခု ကားမောင်းနေတာ အိမ်ပြန်မလို့...."

"ဒါဆို...ငါမင်းအိမ်လာမယ် အခု...."

"အေး...လာခဲ့လေ" ရှိုင်း နဲ့ လီယိုလည်း ဖုန်းဆက်လာပြီး ရှိန်းအိမ်လာခဲ့မယ်လို့ ပြောလိုက်ကြသည်။ ရှိန်းအိမ်ရောက်တော့ သူ့အိမ်ရှေ့မှာ ကား (၃) စီးရောက်နေပြီ ဖြစ်သည်။

"မင်းတို့ကရောက်နေကြပြီးလား"

"မြန်မြန် တံခါးဖွင့် အိမ်ထဲရောက်မှ မင်းနဲ့စာရင်းရှင်းရမယ်"

"ဘာစာရင်းလဲ....."

"အိမ်ထဲရောက်မှပြောမယ်..."

"ဒီကိစ္စရှင်းပါဦး..." ရှိန်း Instagram မှာတင်ထားတဲ့ပုံကိုပြလိုက်တော့ ရှိန်းတစ်ယောက်သဘောပေါက်သွားသည်။

"ငါ စိမ်းတို့နဲ့ တင်းနစ်သွားရိုက်တာလေ...."

"မင်း ဘာလို့ ငါတို့ကိုမခေါ်တာလဲ..."

"ငါမေ့သွားလို့ပါကွာ...."

"မင်း ငါတို့ကိုမေ့စရာလား"

New Age Love Story (ခေတ်သစ် ချစ်ပုံပြင်)Where stories live. Discover now