အပိုင်း (၃၂)

619 22 3
                                    

ခြယ်တို့ မနက်စောစောထပြီး မနက်စာစားဖို့ပြင်နေကြသည်။

"ခြယ်တို့က မနက်စာပြင်နေကြတာလား..."

"ဟုတ်တယ်...ကိုတို့...စားကြတော့မလား"

"အင်း...."

"သတိုး...ငါတို့ဘယ်အချိန်လောက် Campe Site ကိုသွားကြမှာလဲ..."

"နေ့လည်လောက်ထွက်ကြတာပေါ့..."

"ဟိုရောက်ရင် Tents (တဲ)ဆောက်မှာနဲ့ ဘာနဲ့ စောစောသွားရင်မကောင်းဘူးလား "

"နေ့လည်လောက် သွားလည်း မိပါတယ် နှင်းရဲ့..."
_______________________________________

သိမ့်ဇာခြည်တို့မှာတော့ သတိုးတို့ ဘယ်မှာတည်းနေကြလဲ လိုက်ရှာကြတာ မတွေ့တာနဲ့ စိတ်ညစ်နေကြရသည်။

"ကိုရှိုင်းတို့က ဘယ်မှာတည်းကြလဲ အခုထိမတွေ့သေးဘူး ဘယ်လိုလုပ်မလဲ..."

"ယမင်းပြောတာ ဟုတ်တယ်...ငါတို့ဘယ်လိုလုပ်ကြမလဲ ဇာခြည်..."

"မတွေတော့လည်း အပန်းဖြေပြီး ပြန်ကြတာပေါ့ဟာ..."

"ဇာခြည်ပြောတာ ငါထောက်ခံတယ်၊ ငါတို့မှာ အချိန်ရှိပါသေးတယ်...အခုတော့ အပန်းဖြေဖို့ပဲ အာရုံထားလိုက်ကြရအောင်..."

"ဒါဆို အခုအဲ့လိုပဲ လုပ်ကြရအောင်..."
_______________________________________

နေ့လည်ရောက်တော့ Camping ထွက်ဖို့လိုအပ်တာတွေ ကားပေါ်တင်ကြပြီး Camp Site ကိုထွက်လာကြသည်။

"ကို...Camp Site Booking လုပ်တာက ဘယ်လောက်ကျလဲ..."

"ဘာလို့လဲ မေးတာလဲ...ခြယ်..."

"ခြယ်တို့လည်း ကျသင့်တာ တစ်ဝက်ပေးဖို့လေ.."

"ပေးစရာမလိုပါဘူး...ကိုယ့်ကောင်မလေးအတွက် ကိုက အဲ့လောက်တော့ အကုန်ခံနိုင်ပါတယ်..."

"ဒါပေမယ့်...."

"ခြယ်အရမ်းပေးချင်တယ်ဆိုရင် ပေးလို့ရတယ်...ဒါပေမယ့် ပိုက်ဆံတော့မဟုတ်ဘူး..."

"ဒါဆို ခြယ်က ဘာပေးရမှာလဲ..."

"Kiss...." သတိုးက သူပါးကိုလက်ညှိုးနဲ့ ထိုးပြပြီးပြောလိုက်သည်။

"ကိုက ဘာမှန်းမသိဘူး..."

"တကယ်ပြောတာလေ ကိုက ပိုက်ဆံမလို့မလိုချင်ဘူး အနမ်း ပဲလိုချင်တာ....ပေးမှာလား.."

New Age Love Story (ခေတ်သစ် ချစ်ပုံပြင်)Where stories live. Discover now