အပိုင်း (၁၃)

732 25 4
                                    

"နင်သွားချင်ရင်သွားလေ...သွယ်"

"နင်တို့ကရော.....ခြယ်"

"ငါတို့က အပ်ထည်တွေကို လက်စသပ်ဖို့ လုပ်ရမယ်လေ..."

"ငါတစ်ယောက်ထဲဆိုရင် မသွားတော့ဘူး..."

"ဒါဆိုလည်း နှင်း မဟုတ်ရင် စိမ်း ကိုအဖော်ခေါ်သွားလေ"

"................................."

"နင် Jewellery ပတ်သက်ပြီးအများကြီးလေ့လာလို့ရတယ်လေ သွယ်" စိမ်းကနေပြီး

"နင် နဲ့ နှင်း သွားလိုက် ငါ နဲ့ ခြယ်ပဲ အပ်ထည်တွေလက်စသပ်လိုက်တော့မယ်"

"နင်တို့ နှစ်ယောက်ထဲ...."

"မဇာလည်း ရှိပါတယ် သွယ်ရယ်..."

"ကိုလီယို...သွယ်တို့ကို ဖိတ်တဲ့အတွက်ကျေးဇူးတင်ပါတယ် ဒါပေမယ့် လာဖို့က သိပ်မသေချာဘူးထင်တယ်..."

"ရပါတယ်...သွယ်...အားရင်တော့လာခဲ့ကြပါ...ဒါဆို..အကိုတို့ သွားလိုက်ဦးမယ်"

"ဟုတ်...ကိုလီယို..."

"မိန်းမတွေ..ဘာလို့ ငါ့အကို အတင်းတွေသွားခိုင်းနေကြတာလဲ"

"နင်ကို ကိုလီယို စိတ်ဝင်စားနေတာ မသိဘူး...."

"အဲဒါနဲ့ပဲ ငါ့ကို အတင်းတွေသွားခိုင်းနေရလား.."

"ငါတို့...သူငယ်ချင်းလေးကို လူကောင်းနဲ့တွေ့စေချင်လိုပါ"

"သူ..လူကောင်းဟုတ်/မဟုတ် နင်ကဘယ်လို သိတာလဲ"

"ကြည့်တာနဲ့ သိတာပေါ့"

"နတ်မျက်စိ သစ်စိမ်းမယ်တော်ဆိုတော့"

"‌နင်နော်..."

"နင်နော်မနေနဲ့.... နင်ကိုလည်း ကိုရှိန်း စိတ်ဝင်စားနေတာမသိဘူးလား...စိမ်း"

"မသိဘူး..."

"ဘာမသိဘူးလဲ...ဟိုနှစ်ယောက်ရော ဘာထူးလဲ နှင်းကိုက ကိုရှိုင်း စိတ်ဝင်စားနေတာ၊ ခြယ်ကိုက ကိုသတိုး စိတ်ဝင်စားနေတာ ငါမသိဘူးထင်နေလား"

"မသိဘူး...ငါတို့ကနင့်ကို ကိုလီယို စိတ်ဝင်စားနေတာပဲ သိတယ်"

"အစုတ်ပလုတ်မတွေ ငါ့ကိုပဲဝိုင်းစနေကြတယ်"

"ဟား.....ဟား...."
_______________________________________

New Age Love Story (ခေတ်သစ် ချစ်ပုံပြင်)Where stories live. Discover now