အပိုင်း (၂၅)

749 26 2
                                    

လီယိုတစ်ယောက် သွယ်ကိုပြန်ပို့ပေးပြီး အိမ်ပြန်လာခဲ့သည်။ အိမ်ထဲကို ပြုံးဖြီးပြီး ဝင်လာတဲ့ လီယိုကို ဧည့်ခန်းမှာထိုင်နေတဲ့ ဒေါ်ခင်သူဇာက...

"သား..."

"ဟုတ်..မာမီ..သားကိုပြောစရာရှိလို့လား..."

"အင်း..."

"မာမီ အန်တီ သစ္စာတို့ အိမ်သွားပြီးပြီလား..."

"သွားပြီးပြီ...အဲ့ဒီကိစ္စပဲ သားကို ပြောမလို့..."

"ဘာကိစ္စလဲ မာမီ..."

"သားတို့အန်တီသစ္စာက သူ့ကထိိန်အလှူပြီးမှပြန်လို့ပြောလို့ မာမီတို့လည်း ကထိန်အလှူထဲ ပါမလို့...သား ဘယ်လိုသဘောရလဲ..."

"အလှူလုပ်တာပဲ ကောင်းတာပေါ့ သားကဘာပြောရမှာလဲ...မာမီကလည်း.."

"သစ္စာနဲ့ နောက်မှ အလှူအကြောင်းသေချာ ပြန်ဆွေးနွေးရမယ်..."

"ဒါဆို မာမီတို့က ဒီမှာကြာဦးမှာပေါ့..."

"ဘာလဲ သားက မာမီတို့ကို ပြန်စေချင်ပြီလား..."

"မဟုတ်ပါဘူး...မာမီကလည်း..."

"ခုနက အိမ်ထဲကို ပြုံးဖြီးပြီး ဝင်လာတာ သားမှာ ဘာကိစ္စရှိလာလို့လဲ..."

"သားကို သွယ် အဖြေပြန်ပေးလိုက်ပြီ..."

"‌ဒါကြောင့် မာမီသားက ပြုံးဖြီးပြီးလာတာပေါ့..."

"................."

"မာမီတို့ မပြန်ခင် သမီးလေးကို အိမ်ခေါ်လာဦးလေ သား..."

"ဟုတ်...မာမီ...သားခေါ်လာခဲ့ပါမယ်..."
_______________________________________

ရှိန်း နဲ့ လီယိုက အဆင်ပြေသွားတော့ ရှိုင်းတစ်ယောက်တော်တော်ခံရခက်နေသည်။ အရင်ဆုံးဖွင့်ပြောတဲ့ သူက အဖြေအခုထိမရသေးပဲ သူ့နောက်မှ ဖွင့်ပြောတဲ့ နှစ်‌ယောက်က အဖြေရသွားပြီ ဖြစ်သည်။ ညဘက်လိုင်းတက်ပြီး နှင်းကို စောင့်နေမိသည်။ နှင်းလိုင်းတက်တက်ချင်းစာဝင်ထားလို့ ကြည့်လိုက်တော့...

"ကိုက အခုထိအဖြေမရသေးဘူးလား..ကိုနောက်မှဖွင့်ပြောတဲ့ နှစ်ယောက်တောင်အဖြေရပြီ...ကိုကလည်း အဖြေပေးတော့လေ..." ကလေးမုန့်ဖိုးတောင်းသလို အဖြေ တောင်းနေတော့ နှင်းစာကိုဖက်ပြီး ရယ်မိသွားသည်။

New Age Love Story (ခေတ်သစ် ချစ်ပုံပြင်)Where stories live. Discover now