အပိုင်း (၈)

831 28 1
                                    

"ငါတို့လည်း ဒီ Gala Party တက်ရမယ်ထင်တယ်"

"ဘယ်လို ငါတို့လည်းတက်ရမယ်ဟုတ်လား"

"ဟုတ်တယ်...သွယ်"

"ဘယ် Party မှမတက်ခဲ့တဲ့ နင်ကပြောတယ်ဆိုတော့ ထူးဆန်းတယ် ခြယ်"

"မထူးဆန်းပါဘူး သွယ်ရဲ့... Teacher ခုနကပြောသွားတာ နင်မကြားဘူးလား"

"ဘာကိုလဲ....."

"အပြင်ကစီပွားရေး ကုမ္ပဏီ တချို့ကလူတွေလည်း ဒီပွဲကို တက်မယ်လို့...."

"အေးလေ....အဲဒါနဲ့ ငါတို့တက်တာနဲ့ ဘာဆိုင်လို့လဲ"

"စီပွားရေးလုပ်ငန်းရှင်တွေတက်ရင် သူတို့မိန်းမ၊သမီးတွေလည်း ပါမှာပဲလေ...‌အဲ့ဒါဆိုရင် ငါတို့ဆိုင်အတွက် Customer အသစ်တွေရနိုင်တယ်"

"နင်ဆိုလိုတာက...ငါတို့ဆိုင်က ကိုယ်ပိုင် Dress (ဝတ်စုံ) ချုပ်ပြီး ဒီ Gala Party ကိုတက်မယ်"

"အေး...ဟုတ်တယ်...."

"ခြယ်...ပြောတဲ့အကြံမဆိုးဘူးဟာ"

"ဒါပေမယ့် (၁) လအတွင်း Dress (၄) ထည်ပြီးပမလား"

"ပြီးပါတယ်ဟ...ငါတို့က လူ (၄) ယောက်တောင်ရှိတာကို နောက်ပြီးအပ်ထည်တွေလည်း သိပ်မရှိတော့ဘူး အဆင်ပြေမှာပါ"

"ဒါဆိုလည်း လုပ်ကြည့်တာပေါ့"

"ခြယ်....ငါတို့ကို တောသူမလို့ ခေါ်နေတဲ့ ဟာမတွေကို ပါးစပ်ပေါက်ပိတ်သွားအောင် Design ဆွဲလိုက်စမ်း"

"ဟုတ်တယ်ခြယ်....တောသူမတွေရဲ့ Sexy ဆန်မှုကိုပြလိုက်ကြရအောင်"

"ဟဲ့...ကျောင်းကပွဲအရမ်းကြီးဖော်လို့ရပမလား"

ထိုအချိန်အတန်းထဲကကောင်မလေးတစ်ယောက်ကနေပြီး

"Teacher ဒါဆိုရင် Dress ကကြိုက်တာဝတ်လို့ရတာလား"

"ရတယ်...သမီး..."

"Sexy ကျတဲ့ Dress ဆိုရင်...."

"ကိုယ့်ဝတ်လာမယ့် Dress ကိုကိုယ်ယုံကြည်မှုရှိရင် ပြီးတာပဲ"

ဇာခြည်သိမ့်တို့ အုပ်စုကနေပြီး

"တောသူမတွေတော့ Gala Party ကို မြန်မာဝတ်စုံတွေနဲ့ ရောက်လာကြဦးမလား မသိပါဘူးဟယ်"

New Age Love Story (ခေတ်သစ် ချစ်ပုံပြင်)Where stories live. Discover now