အပိုင်း (၂၁)

757 20 0
                                    

ခြယ်တို့လည်းကျောင်းပြန်ဖွင့်ခဲ့ပြီဖြစ်သည်။ ကျောင်းပေါက်ဝထဲက လူတွေက သူမတို့အုပ်စုကိုကြည့်ပြီး ဘာတွေပြောနေကြမှန်းမသိပါ။ယုဝါက သူမတို့ကိုတွေ့တာနဲ့အနားရောက်လာပြီး...

"ခြယ်...‌ငါတို့ကျောင်း Group ထဲမှာနင်တို့ပုံတွေတွေ့ပြီးပြီလား..."

"ငါတို့ပုံတွေဟုတ်လား...ယုဝါ..."

"အေး...ဒီပုံတွေ....." သတိုးအိမ်မှာ BBQ သွားစားတုန်းကပုံ၊ ရှိန်းနဲ့ တင်းနစ်သွားရိုက်တုန်းကပုံတွေက ကျောင်း Group ထဲမှာရောက်နေသည်။ ခြယ်တို့ပြောထားကြတာလဲ စုံနေတာပဲဖြစ်သည်။

"ဒီပုံတွေက ဘယ်လိုလုပ်ပြီး...ကျောင်း Group ထဲကို..."

"နင်တို့အုပ်စုကိုကြည့်မရတဲ့ သူကလာတင်သွားတာထင်တယ်..."

"ဟို...လှအိုးကွဲစိန်မတို့ အုပ်စုပဲဖြစ်ရမယ်..." စိမ်းစိတ်တိုပြီး သွားပြောမလို့အလုပ်

"စိမ်း...နင်ဘယ်သွားမလို့လဲ...."

"ဘယ်သွားရမှာလဲ...စာရင်းသွားရှင်းရမှာပေါ့..."

"ငါတို့မှာသက်သေမှမရှိတာ..ဘယ်လိုသွားရှင်းမလဲ...အခုပုံတင်ထားတဲ့ account ကလည်း account တုနဲ့တင်ထားတာ...."

"ခြယ်ပြောတာမှန်တယ်...စိမ်း..နင်စိတ်လျော့လိုက်ပါ...ငါသာ private ကနေ public မပြောင်းခိုင်းခဲ့ရင် ဒီလိုတွေဖြစ်လာမှာ မဟုတ်ဘူး..." ယုဝါက

"ငါအထင်...ဇာခြည်သိမ့်တို့အုပ်စုလည်း...ကိုသတိုးတို့ကို ကြိုက်နေကြတယ်ထင်တယ်...အဲဒါကြောင့် နင်တို့ကို လူတွေပြောအောင် ကျောင်း Group ထဲတင်လိုက်တာဖြစ်နိုင်တယ်...ဒါပေမယ့် ကိုသတိုးတို့အုပ်စု နင်တို့ကိုပဲ စိတ်ဝင်စားတာ သူတို့မသိဘူးဖြစ်မယ်..."

"နင်ဘယ်လိုလုပ်ပြီးသိတာလဲ..ယုဝါ..."

"ငါ့ချစ်သူကကိုရှိုင်းဝဏ္ဏရဲ့ အတွင်းရေးမှူးဆိုတာ နင်တို့ မေ့နေတာလား..."

"ဟုတ်သားပဲ.."

"ကိုရဲက ငါ့ကိုအကုန်ပြောပြတယ်..."

"နင်တို့ပြိုင်ပွဲက ဘယ်တော့လဲ...ယုဝါ.."

"Computer Major ပြီးရင် ငါတို့ပဲ....ဒီလ တတိယအပတ်ပြိုင်ပွဲတွေ စမယ်ကြားတယ်...နောက်ပြီးနိုင်ငံခြား Company တွေကလည်းပြိုင်ပွဲကိုလာကြည့်ကြမယ်တဲ့..."

New Age Love Story (ခေတ်သစ် ချစ်ပုံပြင်)Where stories live. Discover now