အပိုင်း (၂၆)

758 29 0
                                    

ဘာလိုလိုနဲ့ ခြယ်တို့တောင် ဒုတိယနှစ်စာမေးပွဲပြီးသွားပြီဖြစ်သည်။ စာမေးပွဲဖြေနေတဲ့အတော်အတွင်း သတိုးတစ်ယောက်ခြယ်ကို စကားသွားမပြောပဲနေခဲ့သည်။ စာမေးပွဲပြီးသွားတော့ အားလုံးအိမ်မှာ တစ်ရက်၊ နှစ်ရက်နားကြသည်။

"ခြယ်...နင့်မှာကို ကိုသတိုး အဖြေလာထပ်မတောင်းတော့ဘူးလား..."

"အင်း...ငါတို့ စာမေးပွဲဖြေထဲက သိပ်စကားမပြောဖြစ်ကြတာ..."

"နင်...ကိုသတိုး စကားလာမပြောတော့ ဘယ်လိုမှမနေဘူးလား...."

"ဘယ်လိုမှမနေပါဘူး...သူလည်း သူ့ကိစ္စရှိလို့ ဖြစ်မှာပေါ့.." အမှန်တော့ ခြယ်လည်း သတိုးစကားလာမပြောမှ သတိုးကို သူမအရမ်းသတိရနေခဲ့သည်။

"နင် နဲ့ ကိုသတိုးတို့ နှစ်ယောက်ကလည်း ဘယ်တွေမှန်းမသိတော့ဘူး..."

"ဒီလိုပါပဲ...နင်တို့ relationships ရော အဆင်ပြေကြလား..."

"ငါတို့ အားလုံးက အဆင်ပြေတယ်...နင်ပဲ..."

"ငါလည်း အဆင်ပြေနေတာပဲလေ..."

"နင်ကိုတော့ ငါတို့မပြောနိုင်တော့ဘူး..." ခြယ် နဲ့ သတိုး ရဲ့ဆက်ဆံရေးကို စိမ်းတို့ အားမရတော့အမှန်ပေ သူမတို့ သူငယ်ချင်းကို သတိုးနဲ့ သဘောတူချင်မိသည်။
_______________________________________

ဒီနေ့တစ်ရက်လည်း ခြယ်တို့ထပ်နားကြသည်။ ခြံထဲက ခုံလေးထိုင်ပြီး ခြယ်တစ်ယောက် သတိုးအကြောင်း စဉ်စားနေမိသည်။ ထိုအချိန် ခြယ့်ဖုန်းဝင်လာသည်။ ခြယ်..ကြည့်လိုက်တော့  သတိုးဆက်လာတာဖြစ်နေသည်။

"ဟယ်လို...ကိုသတိုး..."

"................................."

"အားပါတယ်...ဒါဆို ခြယ်ကို ခဏစောင့်လေ အဝတ်အစားလဲပြီး ထွက်လာခဲ့မယ်..."

"....................." သတိုးတစ်ယောက် ခြယ်တို့ လမ်းထိပ်မှာ ရောက်နေတာဖြစ်သည်။ ခြယ်လည်း အဝတ်အစားလဲပြီး လမ်းထိပ်ကိုထွက်လာခဲ့လိုက်သည်။ခြယ်လာနေတာမြင်တော့ သတိုး ကားတံခါး ဖွင့်ပေးလိုက်သည်။

"စောင့်ရတာ ကြာသွားလား...ကိုသတိုး..."

"မကြာပါဘူး...ကိုတို့ Dayo Lake (ဒါယိုရေကန်)ဘက်သွား‌ပြီး အေးဆေးစကားပြောကြရအောင်..."

New Age Love Story (ခေတ်သစ် ချစ်ပုံပြင်)Where stories live. Discover now