အပိုင်း (၄)

993 22 2
                                    

"လီယို မင်းဘာဖြစ်နေတာလဲ"

"ဟုတ်တယ် ဒီကောင် လေဆိပ်အထဲမှာ ထဲက ထူးဆန်းနေတာ"

"ဘာဖြစ်နေတာလဲ လီယို"

"ဟို.......ငါလည်း ငါ့ရင်ခုန်သံလေးကိုတွေ့သွားပြီ ထင်တယ်ကွ"

"ဘာကွ......" (၃) ယောက်လုံးကနေ အသံထွက်လာပြီး သတိုး ကားကိုလမ်းဘေးချရပ်လိုက်သည်။

"ဘာလဲ လေဆိပ်ထဲမှာ တွေ့လိုက်တာလား"

"အေး..."

"အဲဒါကြောင့် မင်းလိုက်ငေးနေတာလား"

"အေး..."

"မင်းဟာကသေချာလို့လား"

"ဘာကိုလဲ"

"မင်းရင်ခုန်သံလေးဆိုတာ" လီယိုက ရှိုင်းလက်ကိုဆွဲလိုက်ပြီ သူ့ဘယ်ဘက်ရင်ဘတ်ပေါ် တင်လိုက်သည်။

"‌ဟိတ်ယျောင့် လီယို မင်းနှလုံးခုန်သံတွေ တအားမြန်နေပါလား"

"သူက ငါ့ရင်ခုန်သံလေးဆိုတာ သေချာကြောင်း မင်းကိုပြတာ"

ရှိန်းကထပြီးတော့

"သူငယ်ချင်း (၄) ယောက်ရှိတာ (၃) ‌ယောက်က ရင်ခုန်သံလေးတွေ တွေ့သွားပြီဆိုတော့ သနားစရာ ငါလေးပါလား"

"ဟား.....ဟား....ဟား....."

"ဒါနဲ့...ငါတို့က...မင်းတို့နှစ်ယောက်ထဲက ဘယ်သူ့အိမ်မှာတည်း ရမှာလဲ"

"လီယို မင်းကငါ့အိမ်မှာ၊ ရှိန်း မင်းက သတိုးအိမ်မှာ "

"တူတူ မဟုတ်ဘူးလား"

"မဟုတ်ဘူး ငါတို့နဲ့ စကားပြောဖော်ရအောင် မင်းတို့ကို တစ်ယောက်တစ်အိမ် ခွဲလိုက်တာ"

"ဟုတ်လို့လား...ငါတို့ကို တရားနာခိုင်းမလို့ မဟုတ်ဘူးလား"

"ဟား.....ဟား....."

"ဘာလည်း မင်းတို့လည်း ဟိုမှာလည်း တရားနာနေရလို့လား"

"ဆိုပါတော့ကွာ"

"တရားနာရလွန်းလို့ ဒယ်ဒီက မြန်မာပြည်မှာ ငါတို့ Brand တွေချဲ့မယ်ဆိုလို့ ဒီကိုပြေးလာပါတယ်ဆို ဒီမှာပါတရားထပ်နာရဦးမယ့် ကိန်းဖြစ်နေပြီ"

"ဟား..... ဟား...."

"အခုတော့ သတိုးအိမ် အရင်သွားကြရအောင် အန်တီသစ္စာက မင်းတို့စားဖို့ ဟင်းတွေ ရှယ်ချက်ထားတာ"

New Age Love Story (ခေတ်သစ် ချစ်ပုံပြင်)Where stories live. Discover now