အပိုင်း (၃၆)

1.7K 40 11
                                    

မဝေ၊ မဖြိုးနဲ့ ဝန်ထမ်းတွေကတော့ MD ဒီဘက်ကို လျှောက်လာတာတွေ့တော့...

"ခြယ်..."

"ဟုတ် MD ဘာလိုတာ ရှိလို့လည်း မသိဘူး..."

"ဘာမှမလိုပါဘူး..."

"ဒါဆို ခြယ့်ကို ခေါ်တာ ဘာလုပ်မလို့လဲ မသိဘူး"

"ခြယ့်ကို မာမီ မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးမလို့ ကိုနဲ့ ခဏလောက် လိုက်ခဲ့လို့...."

"ဟို...ဟို...."

ခြယ်တစ်ယောက် အခက်တွေ့နေပြီး ကုမ္ပဏီမှာတော့ ဒီလိုအခြေအနေမျိုးတွေဖြစ်လာတော့ ခြယ့်ကို ကုမ္ပဏီကလူတွေ အခွင့်အရေးယူတယ်လို့ ထင်မှာ စိုးရိမ်နေမိသည်။

"အဆင်မပြေစရာရှိလို့လား ခြယ်.."

"ဒါဆိုလာလေ...."

"ဟို ခြယ်တို့ ဒီမှာ ပစ္စည်းသစ်တွေ လာကြည့်တဲ့သူကို ရှင်းပြနေတော့...."

"မဖြိုး ခြယ့်ကို တစ်ချက်ခေါ်သွားရလား..."

"ရပါတယ် MD..."

မဖြိုးက "ရတယ်လို့..." ပြောပြီးတာနဲ့ ခြယ့်လက်ကိုဆွဲပြီး ခေါ်လာခဲ့သည်။

"စိမ်း....ကိုသတိုး လုပ်ပုံနဲ့တော့ ငါတို့လေးယောက်ကို တခြားသူတွေ အခွင့်အရေးယူတယ် ထင်ကြတော့မှာပဲ..."

"ကိုသတိုးတို့ (၄) ယောက်ကလေ ဘာတွေဖြစ်နေမှန်းကိုမသိတော့ဘူး..."

"ဟုတ်ပ..."
_______________________________________

မာမီ မိတ်ဆွေနဲ့ ခြယ့်ကို မိတ်ဆက်ပေးပြီးတာနဲ့...

"သမီးက အချောလေးပဲ..."

"သစ္စာတို့ကတော့ ချွေးမချောချောလေးရထားပြီ.."

"ဟုတ်ပ...."

"တို့လို ချွေးမချောလေ လိုချင်ရင် သားတွေရှာခိုင်းတော့လေ..."

"ရှာခိုင်းရမယ်...ရှာခိုင်းရမယ်..."

"သမီး နောက်အပတ် ရုံးပိတ်ရက် အိမ်လာခဲ့ဦးနော်..."

"ခြယ့်ကိုပဲ ခေါ်တာလား...မာမီ..."

"သမီးတို့ကို ခေါ်ရင် မင်းတို့က မလိုက်ကြဘူးဆိုတော့..."

"ကျနော်တို့ ကောင်မလေးတွေကို ခေါ်မှတော့ ကျနော်တို့လည်း လိုက်ခဲ့ရမှာပေါ့...မာမီကလည်း..."

You've reached the end of published parts.

⏰ Last updated: May 19 ⏰

Add this story to your Library to get notified about new parts!

New Age Love Story (ခေတ်သစ် ချစ်ပုံပြင်)Where stories live. Discover now